Wednesday, 23 August 2017
မိမိဖုန်းထဲမှာUSB OTG ရမရစစ်ဆေးတဲ့Appလေးပါ။
မိမိဖုန်းထဲမှာUSB OTG ရမရစစ်ဆေးတဲ့Appလေးပါ။
ဒီလိုဆို မိမိဖုန်းထဲမှာUSB OTG ထိုးလို့ ရပါတယ်
Download Here
Xiaomi ဖုန်းများကို Boot Loader Unlock ပြုလုပ်နည်းစာအုပ်
Redmi Note 3 နဲ့နောက်ပိုင်းထွက်လာတဲ့ Xiaomi Phones မှန်သမျှမှာ Boot Loader Lock ဖြစ်လာပါတယ်။ အရင် Model တွေထဲက (Mi4c, Mi Note Pro, ကျန်တဲ့ဟာလေးတွေတော့ မမှတ်မိ..Mi4 series ထဲကတွေပါပဲ.. Firmware update လုပ်ရင် Boot Loader Lock ဖြစ်သွားပါတယ်)။
Boot Loader Lock ဖြစ်လို့ Firmware တင်ချင်ရင် EDL mode ကနေပဲ တင်လို့ရတော့ပါတယ်။ Stock Recovery မှာ User တွေအသုံးချနိုင်မယ့် Command UI ပါမလာတော့ပါ။ သည်တော့ Lock Screen Password မေ့တာတွေမှာ Factory Reset ချတာတွေမလုပ်နိုင်တော့ပါ။ Root ချင်တာတွေ၊ အခြားသော System ပိုင်း ကလိချင်တာတွေအတွက် Custom Recoveries (TWRP) သွင်းမရတော့ပါ။
သည်တော့ မိမိဖုန်းကို ကိုယ့်စိတ်ကြိုက် control လုပ်နိုင်ဖို့၊ သုံးနိုင်ဖို့အတွက် Boot Loader ကို
အရင် Unlock လုပ်ရပါတယ်။ အဓိကလုပ်ကြတဲ့ ရည်ရွယ်ချက်ကတော့ TWRP သွင်း၊ root
လုပ်ပြီး နေရာအစုံမှာ မြန်မာစာ မှန်နေအောင်အတွက်ပါ။
TWRP သွင်းထားတော့ တစ်စုံတစ်ရာ error ကြောင့် ဖုန်း boot မတက်တော့ရင်လည်း
ကိုယ့် data တွေမဆုံးရှုံးစေပဲ Recover ပြန်လုပ်နိုင်တာတွေ လည်း ရှိတာပေါ့။
ဖုန်းထဲမှာ TWRP ကို permanent သွင်းမထားရင်တောင် TWRP လေးနဲ့ဖုန်းကို
ခဏ boot တက်.. လိုတာလေးတွေပြင်.. ပြီးမှ normal boot ပြန်တက်.. အစရှိသည်ဖြင့်
မိမိဥာဏ်ကွန့်ရင် ကွန့်နိုင်သလို ဖုန်းကို လိုသလို control လုပ် အသုံးချလို့ ပိုလွယ်ကူတာပေါ့။
အချို့ကလည်းပြောကြတာပေါ့.. Boot loader lock လုပ်ထားတာဟာ ကိုယ့်ဖုန်းပျောက်သွားရင်တောင် သူတစ်ပါးက ဖုန်းကို အလွယ်သုံးမရအောင်.. မိမိအရေးကြီး data တွေ သူတစ်ပါးသုံးမရအောင် လုပ်ထားနိုင်တယ်ပေါ့။
ဖုန်းမပျောက်အောင် ထိန်းသိမ်းဖို့ကတော့ မိမိနဲ့ 100% ပဲသက်ဆိုင်တာပါ၊ Boot Loader က ထူးထွေ
protect လုပ်ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ သူ့အမြင် ကိုယ့်အမြင် တူကြမယ်တော့ မဟုတ်ဘူးပေါ့။
ကဲ…. Boot Loader Unlock လုပ်မယ်ဆို ဘာတွေလိုမလည်း။ Xiaomi Phones တွေမှာ
Boot Loader ကို Unlock လုပ်ဖို့ အများပြောသလို unlock code တောင်းတယ်…
unlock code တောင်းတယ်.. ဆိုတာ လုပ်ရတာမဟုတ်ပါ။
အခြားသောဖုန်းတွေလို Web Site မှာ၊ Email မှာပြန်လာတဲ့ code ကို
fastboot mode ကနေ command နဲ့ထည့်ပေးရတာမဟုတ်ပါ။
Xiaomi ကထုတ်ထားတဲ့ Boot Loader Unlock Tool ကို အသုံးပြုရတယ်။ ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ပြီး
Unlock Tool သုံးပြီး Boot Loader Unlock လုပ်နိုင်ဖို့ ကိုယ့် Mi Account ကို အသုံးပြုရပါတယ်။
ဖုန်းမှာလည်း အဲသည် Mi Account Login ၀င်ထားခဲ့ရပါတယ်။ ကွန်ပျူတာမှာလည်း Internet
Connection ရနေရပြီး Boot Loader Unlock Tool မှာလည်း Unlock လုပ်ချင်တဲ့ ဖုန်းမှာ
login ၀င်ထားတဲ့ Mi Account နဲ့ Login ၀င်ရပါတယ်။
သည်တော့ Boot Loader Unlock လုပ်တဲ့နေရာမှာ မိမိ Mi Account သာ
အရေးအကြီးဆုံး လိုအပ် ချက်ဆိုတာ သဘောပေါက်ပါ။
သည်တော့ ကိုယ့် Mi Account ကို Boot Loader Unlock လုပ်ခွင့်ရမယ့် Permission ရဖို့
Xiaomi ထံမှ Permission တောင်းရပါတယ်။ Xiaomi မှ Boot Loader Unlock လုပ်ချင်ရင် လုပ်လို့ရပါပြီဆိုတဲ့ SMS ပြန်ပို့လာချိန်မှ Unlock Tool ကိုသုံးပြီး Boot Loader Unlock လုပ်ရပါတယ်။
ကိုယ့် Mi Account မှာ Designer Account permission တွေ ထပ်တိုးတောင်းသလိုပေါ့။
ကဲဒီ Introduction လေးကို ဖတ်ကြည့်လိုကက်ပြီဆိုရင်တော့ ဒီစာအုပ်လေးက
Xiaomi ဖုန်းများကို Boot Loader Unlock ပြုလုပ်နည်းအတွက် ရေးသားထားတဲ့
ဒီစာအုပ်ဟာ ရှင်းလင်းပြီး ကောင်းလွန်းမယ်ဆိုတာကို သဘောပေါက်မယ်ထင်ပါတယ်။
ဒီစာအုပ်ကိုတော့ Bro Thet Zaw Ko မှ MIUI Fans များအတွက်
အထူးရေးသား မျှဝေပေးထားတဲ့ PDF Version စာအုပ်ကောင်လေးဖြစ်ပါတယ်။
စာအုပ်ထဲပါ အကြောင်းအရာ Tutorial များကိုတော့ စာအုပ်ကိုဒေါင်းလော့ပြီးမှ
အသေးစိတ်အချက်အလက်များကို လေ့လာကြည့်လိုက်ပါခင်ဗျား.....
Tuesday, 22 August 2017
GMAIL PASSWORD မေ့နေတာကို ပြန်ယူနည်း
Gmail Password မေ့သွားရင် ပြန်ယူနည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
ကိုယ်သုံးနေတဲ့ Gmail Password မေ့သွားရင်ဘဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Gmail ကို ဟက်ခံထိတယ်လို့ စသိတဲ့အချိန်ဘဲ ဖြစ်ဖြစ် ချက်ချင်း ကိုယ့်ရဲ့ Gmail ကို Password အသစ်ပြန်ချိန်းတဲ့ နည်းပါ။
အောက်မှာ ပုံလေးတွေကြည့်ပြီး လေ့လာနိုင်ပါတယ်။
Gmailဆိုင်ရာ အသုံးပြုနည်းပေါင်းများစွာကို ပုံနှင့် စာနှင့်တကွ လွယ်လင့်တကူလေ့လာနိုင်တဲ့ ဆော့ဝဲလေးကို
Monday, 21 August 2017
ဖုန်း Cover အပိတ်အဖွင့်မှာလုပ်တဲ့အခါမှာ Screen ကို Auto အပိတ်အဖွင့်လုပ်ထားချင်သူများအတွက် AutoScreen On/Off Apk Size(1.3MB)
သူငယ်ချင်းတို့ဖုန်း Cover အပိတ်အဖွင့်မှာလုပ်တဲ့အခါမှာ ဖုန်း Screen ကို Auto အပိတ်အဖွင့်လုပ်ထားချင်သူများအတွက် AutoScreen On/Off Apk လေးကိုတင်ပေးလိုက်ပါတယ်
အသုံးပြုနည်းကတော့အရမ်းလွယ်ကူလို့ မပြောပြတော့ပါဘူး
အောက်မှာဒေါင်းယူနိုင်ပါ
Download
Saturday, 19 August 2017
နှင်းတွေ ဝေ
ဆောင်းရာသီက နေရာတိုင်းမှာ နှင်းတွေ ဝေနေပါတယ်။ တောင်ပေါ်ဒေသတွေဆို ပိုဆိုးတာပေါ့။ နေရာတိုင်း နှင်းဝေနေတဲ့အချိန်မှာ မိမိတို့ရဲ့ ဘလော့လေးမှာ နှင်းတွေ ဝေချင်တယ်ဆိုရင် ဒါမှမဟုတ် သစ်ရွက်လေး ပြုတ်ကျလာစေချင်ရင် အောက်က ကုဒ်တွေကို ယူလိုက်ပါ။
ပြီးရင် Layout ရဲ့ Add a Gadget က HTML/JAVA ထဲမှာ ထည့်လိုက်ရင် ရပါပြီ။ သစ်ရွက်ပဲ ဝေေ၀၊ နှင်းပဲဝေေ၀ ဝေချင်ရာ ဝေနိုင်ပါပြီ။ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။
MyanmarTVChannel.apk
မင်္ဂလာပါ MyanmarTVChannel.apk
မြန်မာ တီဗွီလိုင်း တွေကို ဖုန်းထဲကကနေတစ်စုတစ်ဝေးထဲကြည့်နိုင်အောင် ကျွန်တော်တို့ apk လေးပြုလုပ်ပေးလိုက်ပါတယ်..
အကောင်းဆုံးနဲ့ လိုင်းအတော်အသင့်နဲ့တင်ကြည့်ရအောင်ပြုလုပ်ထားပါတယ် .. တိုက်ရိုက်ရုပ်သံ ၁၁ ခုနဲ့  Channel ပေါင်းများစွာပါဝင်ပါသည် ။
ပြည်တွင်း ပြည်ပ နှစ်ခုလုံးအသုံးပြု နိုင်ပြီး သတင်း .အားကစား လိုင်းများပါ ကြည့်လို့လဲရပါမယ်..
Click here to Download
အီးမေး အကောင့်သစ်ပြုလုပ်နည်း
Android ဖုန်းတစ်လုံး သင်ကိုင်ဆောင်ထား
ပြီးဆိုရင် အရေးအကြီးဆုံး သင်ပြုလုပ်ရမည့်
Accounts ကောင့် ပြုလုပ်နည်းတင်ပေးချင်ပါတယ်
သိပြီးသားသူတွေဆိုရင်တော့ကျော်သွားပေါ့
Gmail Acc အကောင့်ရှိမှသာလျှင် သင့် Android ဖုန်း
ဟာ လိုအပ်ချက်တွေ ဖြည့်ဆည်း လို့ရမှာပါ
Gmail အကောင့်ဟာလဲ Google.Youtube.Facebook
Line.viber. Twitter အစရှိသည့် Online အသုံးရာတွင်
တစ်ကယ် မရှိမဖြစ်အသုံးဝင်သည့် Acc တစ်ခုပါ
ဒါကြောင့် Gmail ကို မိမိကိုယ်တိုင် နည်းစနစ် ကြကြ
လျှောက်ထားတတ်ဖို့ အတတ်နိုင်းဆုံး ဓာတ်ပုံ
လေးတွေနဲ့ ရှင်းပြပေးထားပါတယ်....
နည်းပညာနဲ့ ပတ်သက်လို့ လိုအပ်တာတာများ
ရှိခဲ့ ရင် Comm တွင် ဝေဖန် အကြံပြုနိုင်ပါတယ်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ...
Thursday, 17 August 2017
ဂိမ်းပိုက်​ဆံခိုးနည်း မြန်မာမူပြုထားတဲ့ "ဂိမ်းသူခိုး" APK
မိမိ ​ဆော့​နေ​သော ဂိမ်းများကို ပိုက်​ဆံခိုးတဲ့ နည်းဖြစ်​ပါတယ်​။ အရင်​ဦးဆုံး ဂိမ်းသူခိုး Apk ကို install လုပ်​ပြီး ပိုက်​ဆံခိုးချင်​သည့်​ Game မှာ ပိုက်​ဆံရှိသ​လောက်​ကို ထည့်​ပြီး
ကြိုက်​သ​လောက်​ပိုက်​ဆံခိုးနိုင်​ပါတယ်​။
ခိုးနည်းကို​တော့ အောက်ကလင်ခ့်မှာပုံနှင့်​တကွ ရှင်းပြထားပါတယ်။
Download
Facebook က Videos တွေကို Software မသုံးဘဲ Download လုပ်နည်း.........
Facebook က Videos တွေကို Software မသုံးပဲဘယ်လို Download လုပ်မလဲ?
ဒီနည်းလေးကတော့ ဘာဆော့ဝဲမှမလိုပဲ ဒီအတိုင်း Facebook က Videos တွေကို Download လုပ်မှာပါခင်ဗျာ။ Software တွေမသုံးချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာပါ။
ဘယ်လို Download မလဲ
ကျနော်အောက်မှာပေး ထားတဲ့လင့်လေးကိုသွားပြီး ကို Download ချင်တဲ့ Video ရဲ့လင့်ကို အဲဒီမှာ
Copy ပြီးထည့်ပေးလိုက်ပါ။ ပြီးရင် ခဏလေးစောင့်လိုက်တာနဲ့ အောက်နားမှာ
(Download this video (Right Click and Save As) ဆိုတာလေးမှာ Right Click နှိပ်ပြီး (Save Link As) ဆိုတာလေးကို နှိပ်လိုက်တာနဲ့ ကို့စက်ထဲကို အော်တိုဒေါင်းပြီးသားဖြစ်သွားပါပြီခင်ဗျာ။ အဆင်ပြေမယ်ထင်ပါတယ်။
သွားရမယ့်လင့်ကတော့ဒီမှာပါhttp://www.downvids.net/
မင်္ဂလာပါခင်ဗျာ...
ဆော့ဝဲနှင့်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...