Showing posts with label Hardware. Show all posts
Showing posts with label Hardware. Show all posts

Sunday, 16 July 2017

✔မိုဘိုင်းဖုန်း LCD/Touch တို့နှင့်ပတ်သက်ပြီး သိသင့်သည်များ – အပိုင်း (၁/၂) PDF ✔

  ✔မင်္ဂလာပါခင်ဗျာ✔
  ဖုန်းတွေမှာအသုံးပြုတဲ့ lcd တွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ
အသုံးများတဲ့ lcd တွေကတော့

(1) TFT LCD Thin Film Transistor LCD.

(2) ISPLCD In Place Switching LCD. တစ်ချို့ က In Plane Switching လို့ ဆိုပါတယ်။

(3) OLED Organic Light Emitting Diode LCD.
(4) AMOLED LCD Active-Matrix Organic Light Emitting Diode. LCD.
(5) Retina Display LCD.
(6) Gorilla Glass LCD.

(7) Super LCD.
စသဖြင့် အရည်အသွေးအမျိုးမျိုး တန်ဖိုးအနိမ့်အမြင့် အမျိုးမျိုး ကွဲပြားနေတာတွေ့ ရပါတယ်။

(1) TFT LCD
ဒီအမျိုးအစားကတော့ china ဖုန်း မျိုးစုံနဲ့ တန်ဖိုးနိမ့် ဖုန်းတွေမှာအသုံးပြုကြတဲ့ lcd အမျိုးအစား
ဖြစ်ပါတယ်။ battery အစားသက်သာပြီး တန်ဖိုးအားဖြင့်လဲ အခြား display များထက်
လျှော့နည်းတဲ့အတွက် အသုံးပြုမှုအများဆုံး display အမျိုးအစားဖြစ်ပါတယ်။

(2) ISP LCD
ဒီအမျိုးအစားကိုတော့ တန်ဖိုးအသင့်အတင့်ရှိတဲ့ HUAWEI ,Coolpad, clone ဖုန်းတွေမှာ
အသုံးများပါတယ်။ TFT LCD ထက် Battery ပိုမိုစားသုံးသော်လည်း ရုပ်ပုံအထွက်ပိုင်း
ပိုမိုကောင်းမွန်တာတွေ့ ရပါတယ်။

(3) OLED LCD
ဒီအမျိုးအစားကိုတော့ တန်ဖိုးမြင့်မားတဲ့ smart phone တွေမှာ ပဲသုံးကြပါတယ်။
အများဆုံးတွေ့ ရတာကတော့ SAMSUNG S Series ,Note Series, တွေမှာ ဖြစ်ပါတယ်။
High voltage အသုံးပြုထားခြင်းမရှိတဲ့အတွက် back light အုပ်စုပိုင်းမပါရှိပါဘူး။

(4) AMOLED LCD
ဒီအမျိုးအစားကတော့ သာမန် OLED ထက်ပိုမိုကောင်းမွန်တဲ့lcd အမျိုးအစားဖြစ်ပါတယ်။
Samsung တွေမှာ S 5, Note 3 တို့ မှ အသုံးပြုကြပါတယ်။သူ့ ရဲ့ up-date version
အနေနဲ့  Super AMOLED LCD တွေကို Nokia N8 မှာ အသုံးပြုထားတာ တွေ့ ရပါတယ်။

(5) Retina LCD
ဒီအမျိုးအစားကိုတော့ Apple ရဲ့ ထုတ်ကုန်တွေမှာ အဓိကအသုံးပြုကြပါတယ်။
back light အပိုင်းပါဝင်ပါတယ်။ရုပ်ပုံ အထူးကောင်းမွန်အောင် ပြုလုပ်ထားတဲ့ display ဖြစ်တယ်လို
apple က ဆိုပါတယ်။   
          Download

✔မိုဘိုင်းဖုန်းဆားဗစ်မှာ သုံးတဲ့ power supply အကြောင်း✔


✔မင်္ဂလာပါခင်ဗျာ✔ 
မိုဘိုင်းဖုန်းဆားဗစ်မှာ သုံးတဲ့ power supply အကြောင်းပါ
မသိသေးတဲ့သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်
Power supply အကြောင်းမပြောခင် ဘာကြောင့်သုံးရတယ်ဆိုတော့
Power နှိုးစမ်းကြည့်ဖို့ ဖုန်းကို PS ချိတ်လိုက်တာနဲ့
Amp တန်းတက်လာသလား နှိုးမှ တက်လာသလား
ဘယ်လောက်အထိ တက်လာပီး ဘယ်နေရာမှာ ရပ်သွားတာလဲ
တက်ပီး ပြန်ကျလာတာလား ရပ်နေတာလား
အဲသလို ကြည့်လိုက်တာနဲ့ ပြစ်ချက်ကို အကြမ်းဖျင်း မှန်းလို့ ရတတ်ပါတယ်

အဲဒါဆို Power နိုးခြင်းကို သိသလောက်လေး အကြမ်း ပြောကြည့်မယ်ဗျာ
ဖုန်းကို Battery တတ် (သို့) PS ချိတ်လိုက်တာနဲ့
ဖုန်းက ကောင်းနေမယ်ဆိုရင် Power Key မှာ ဗို့အားတခု စရောက်လာပါတယ်


Qualcomm ဖုန်းတွေမှာ 1.7V ခန့်နဲ့ MTK ဖုန်းတွေမှာ 3.7V ခန့်ပါ
အဲသလို ဗို့တခုခှုရှိနေတာကို high level (1) လို့ ပြောကြပါတယ်
Power Button ကို နှိပ်လိုက်ရင် Power Key ဟာ low level (0) ကို ဆင်းသွားချိန်မှာပဲ PMU နဲ့ ချိတ်ဆက်ထားတဲ့ Crystal က ထုတ်ပေးတဲ့ လှိုင်းကြောင့် PMU စတင်ပြီး အလုပ်လုပ်လာပါတယ်
PMU IC ကနေ CPU အတွက် ဗို့အားလမ်းနှစ်ကြောင်းထုတ်ပေးပါတယ်
အဲဒီအချိန်မှာ PS ရဲ့ Amp မီတာမှာ 0.07A ဝန်းကျင် စတက်လာပါတယ်
CPU မှ ဖုန်းအတွင်းမှာရှိတဲ့ လမ်းကြောင်းတွေကို စစ်ဆေးပြီး Error မရှိရင်
Power နှိုးခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းလိုက်ပါတယ် (Reset)
အဲဒီအချိန်ဟာ 1Sec ကျော်လောက်ပဲ ကြာတတ်တာမို့ power button ကို ဆက်နှိပ်မထားရင် power ဆက်မနိုးတော့ပါဘူး
3Sec ကျော်အထိ ဆက်နှိပ်ထားမယ်ဆိုရင်တော့
Baseband Chip က PMU ဆီကို Power နှိုးကြောင်းအတည်ပြုပေးလိုက်တဲ့အတွက်
PMU မှ power နှိုးခြင်း လုပ်ငန်းစဉ် ပြန်လည် စတင်ပါတယ်
CPU အတွက် 1.1V 1.2A လမ်းကြောင်းနှစ်ကြောင်းနဲ့အတူ
eMMC အတွက် digital volt ဖြစ်တဲ့
1.8V ကို လဲ ဆက်လက် ထုတ်ပေးလိုက်ပါတယ်
CPU နဲ့ eMMC တို့ ချိတ်ဆက်ပြီးလို့
eMMC စတင် အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ရင်
Analog volt 2.8V ကို ဆက်လက်ထုတ်ပေးပါတယ်
(တချို့ဖုန်းတွေမှာ RAU DC DC Conventer အသုံးပြုပီး 2.8V ထုတ်ပေးတတ်ပါတယ်)
eMMC ကို နှိုးနေတဲ့အချိန် PS မှာ 0.2A ဝန်းကျင်မှာ လှုပ်နေတတ်ပါတယ်
OS နိုးသွားလို့ ကျန်တဲ့ wirless , network စတဲ့ အပိုင်းတွေ ဆက်လက် ချိတ်ဆက်မိသွားရင်
0.45A ဝန်းကျင်မှာ လှုပ်နေတတ်ပါတယ် ခဏအကြာ 0.3A ဝန်းကျင်ကို ပြန်ကျသွားပီး
ဒီအတိုင်း ဘာမှမနှိပ်ပဲ ထားလိုက်ရင် Sleep mode ဝင်ပီး 0.1A - 0.2A ဝန်းကျင် ပြန်ကျသွားပါတယ်
အဲဒီ လုပ်ငန်းစဉ်ကို အကြမ်းဖျင်းလောက်သိထားရင်
PS က Amp ကို ကြည့်လိုက်တာနဲ့ Error ကို မှန်းလို့ ရတတ်ပါတယ်
Dead Short (standby short) နဲ့ Loading Short (running short) တို့ မဟုတ်ရင်တော့ 1A - 2A PS နဲ့ စမ်းလို့ အဆင်ပြေပါတယ်
Amp အသုံးများတဲ့ တချို့ဖုန်းတွေမှာဆိုရင်တော့
Amp နဲတဲ့ 1A - 2A နဲ့စမ်းရင် power ပြန်ပြုတ်ကျတတ်ပါတယ်
BSI ပါဖို့ လိုအပ်တဲ့ဖုန်းတွေမှာလဲ power ပြန်ပိတ်သွားတတ်ပါတယ်
1A - 2A PS တွေက ထုတ်ပေးထားတဲ့အထွက်လမ်းကြောင်းမှာ ရှော့ရှိနေရင်
အထွက်ဗို့ကို ချက်ခြင်းပိတ်ပစ်တဲ့ protector စနစ် ထည့်ထားပါတယ်
အဲဒါကြောင့် ရှော့ရှိနေတဲ့ ဖုန်းတွေကို စမ်းဖို့ အဆင်မပြေပါဘူး
5A နဲ့ အထက် PS တွေမှာတော့ အထွက်လမ်းကြောင်းရှော့ရှိနေရင် ပိတ်ပစ်တဲ့ protector စနစ် မပါတတ်ပါဘူး အဲသလို မပါတဲ့အတွက် ဖုန်းထဲမှာ ရှော့ရှိနေရင် ရှော့ကျတဲ့ ကွန်ပို့နင့် (component) လေးတွေက Amp ပုံမှန်ထက် ပိုစားတာကြောင့် ပူလာတတ်ပါတယ်
လက်နဲ့စမ်း ခဲငွေ့ရိုက်ရှာပီး ပူတဲ့ကွန်ပို့နင့်လေးတွေကို ရှာကြပါတယ်
သတိပြုရမှာက
1A - 2A PS က အမှားခံတတ်လို့ တော်ရုံနဲ့ မှားချိတ်လဲ အပျက်အစီး နည်းတတ်ပါတယ်
5A PS ကတော့ အမှားမခံတတ်လို့ အကိုင်အတွယ်မှားရင် ချက်ခြင်း လောင်ကျွမ်းတတ်ပါတယ်
5A ဝယ်မယ်ဆိုရင် 5A အပြည့်ထွက်မထွက် စစ်ဆေး ဝယ်ယူသင့်ပါတယ်
ဈေးကွက်ထဲမှာ နှစ်မျိုးတွေ့တတ်ပြီး တမျိုးက ထရန်စဖေါ်မာကွိုင် ( Transformer Coil ) ကို သုံးပါတယ်
သူ့ကို မ ကြည့်ရင် အလေးချိန်များပါတယ် အကြမ်းခံပြီး အပိုပစ္စည်း ဝယ်ဖို့လွယ်မယ်ထင်ပါတယ်
နောက်တမျိုးက ကွန်ဗါတာ ( Converter ) စနစ် သုံးထားတဲ့အတွက်
အလေးချိန် ပေါ့ပြီး PS ထုထည် ကျစ်လစ်ပေါ့ပါးပါတယ် ပုံစံသွက်ပါတယ်
5A ပြည့်မပြည့် စစ်ဖို့ဆိုရင် Amp control ကို အကုန်တင် Volt ကို 5V လောက်ထားပြီး Output Volt ကြိုးနှစ်စကို ပူးကြည့်ပါ
Amp မီတာမှာ ပေါ်လာတဲ့ Amp က PS ကထုတ်ပေးတဲ့ အမြင့်ဆုံး Amp ပါ
တချို့ PS တွေမှာ 15V လောက်ထားစမ်းရပါတယ်
ကျနော်တို့ မိုဘိုင်းဆားဗစ်သမားတွေက 4V ဝန်းကျင်ပဲ အများဆုံးသုံးတတ်တာမို့ 5V မှာ စမ်းပြီး ဝယ်သင့်ပါတယ်
လိုအပ်တာရှိရင်လဲ ဆရာတို့ ဖြည့်စွက် ပြောပေးကြပါဦးခင်ဗျာ .....

အဆင်ပြေကြပါစေ၊ကြိုးစားလျက်