Showing posts with label Xiaomi. Show all posts
Showing posts with label Xiaomi. Show all posts

Sunday, 21 January 2018



------------------------------------------------------------------
ပထမဦးဆုံး ဒီဖိုင်လေးကို အရင်ဒေါင်းလိုက်ပါ။
https://drive.google.com/uc?id=0Bw4gYGZcShtVLW5ET0Ytb2FEYWM&export=download
ပြီးရင် ဇစ်ဖြည့်လိုက်ပါ။ အထဲက AllBackup folder ကို Internal storage\MIUI\backup ထဲကို ထည့်လိုက်ပါ။
( ပုံ ၃ကို ကြည့်ရန် )
ပြီးရင် ဖုန်း settings ထဲကို ၀င်လိုက်ပါ။ Settings/Additional settings -> Backup & reset -> ကို သွားလိုက်ပါ။
( ပုံ ၄ကို ကြည့်ရန် )
ပြီးရင် Local backups ကို နှိပ်လိုက်ပါ။ ( ပုံ ၅ကို ကြည့်ရန် )
ပြီးရင် Restore လုပ်ပေးလိုက်ပါ။ ( ပုံ ၆ကို ကြည့်ရန် )
ပြီးရင် Restore လုပ်နေပါလိမ့်မည်။ ခဏစောင့်လိုက်ပါ။ 100% Restore လုပ်တာ ပြီးသွားရင်တော့ အိုကေ ပါပြီ။ ( ပုံ ၇ကို ကြည့်ရန် )
မိမိရဲ့ ဖုန်းမှာ Google နဲ့ ပတ်သက်တာ ထည့်လို့ ပြီးသွားပါပြီ။
အားလုံးဘဲ အဆင်ပြေကြပါစေ။
ဒီနည်းလမ်းလေးကိုတော့ ကိုအောင်မင်းဟန် ဆီကနေကူးယူဖော်ပြပေးထားတာပါ။

Wednesday, 23 August 2017

Xiaomi ဖုန်းများကို Boot Loader Unlock ပြုလုပ်နည်းစာအုပ်



 Redmi Note 3 နဲ့နောက်ပိုင်းထွက်လာတဲ့ Xiaomi Phones မှန်သမျှမှာ Boot Loader Lock ဖြစ်လာပါတယ်။ အရင် Model တွေထဲက (Mi4c, Mi Note Pro, ကျန်တဲ့ဟာလေးတွေတော့ မမှတ်မိ..Mi4 series ထဲကတွေပါပဲ.. Firmware update လုပ်ရင် Boot Loader Lock ဖြစ်သွားပါတယ်)။

Boot Loader Lock ဖြစ်လို့ Firmware တင်ချင်ရင် EDL mode ကနေပဲ တင်လို့ရတော့ပါတယ်။ Stock Recovery မှာ User တွေအသုံးချနိုင်မယ့် Command UI ပါမလာတော့ပါ။ သည်တော့ Lock Screen Password မေ့တာတွေမှာ Factory Reset ချတာတွေမလုပ်နိုင်တော့ပါ။ Root ချင်တာတွေ၊ အခြားသော System ပိုင်း ကလိချင်တာတွေအတွက် Custom Recoveries (TWRP) သွင်းမရတော့ပါ။

သည်တော့ မိမိဖုန်းကို ကိုယ့်စိတ်ကြိုက် control လုပ်နိုင်ဖို့၊ သုံးနိုင်ဖို့အတွက် Boot Loader ကို
အရင် Unlock လုပ်ရပါတယ်။ အဓိကလုပ်ကြတဲ့ ရည်ရွယ်ချက်ကတော့ TWRP သွင်း၊ root
လုပ်ပြီး နေရာအစုံမှာ မြန်မာစာ မှန်နေအောင်အတွက်ပါ။ 

TWRP သွင်းထားတော့ တစ်စုံတစ်ရာ error ကြောင့် ဖုန်း boot မတက်တော့ရင်လည်း 
ကိုယ့် data တွေမဆုံးရှုံးစေပဲ Recover ပြန်လုပ်နိုင်တာတွေ လည်း ရှိတာပေါ့။ 

ဖုန်းထဲမှာ TWRP ကို permanent သွင်းမထားရင်တောင် TWRP လေးနဲ့ဖုန်းကို 
ခဏ boot တက်.. လိုတာလေးတွေပြင်.. ပြီးမှ normal boot ပြန်တက်.. အစရှိသည်ဖြင့်
မိမိဥာဏ်ကွန့်ရင် ကွန့်နိုင်သလို ဖုန်းကို လိုသလို control လုပ် အသုံးချလို့ ပိုလွယ်ကူတာပေါ့။

အချို့ကလည်းပြောကြတာပေါ့.. Boot loader lock လုပ်ထားတာဟာ ကိုယ့်ဖုန်းပျောက်သွားရင်တောင် သူတစ်ပါးက ဖုန်းကို အလွယ်သုံးမရအောင်.. မိမိအရေးကြီး data တွေ သူတစ်ပါးသုံးမရအောင် လုပ်ထားနိုင်တယ်ပေါ့။ 

ဖုန်းမပျောက်အောင် ထိန်းသိမ်းဖို့ကတော့ မိမိနဲ့ 100% ပဲသက်ဆိုင်တာပါ၊ Boot Loader က ထူးထွေ
protect လုပ်ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ သူ့အမြင် ကိုယ့်အမြင် တူကြမယ်တော့ မဟုတ်ဘူးပေါ့။

ကဲ…. Boot Loader Unlock လုပ်မယ်ဆို ဘာတွေလိုမလည်း။ Xiaomi Phones တွေမှာ 
Boot Loader ကို Unlock လုပ်ဖို့ အများပြောသလို unlock code တောင်းတယ်… 
unlock code တောင်းတယ်.. ဆိုတာ လုပ်ရတာမဟုတ်ပါ။ 

အခြားသောဖုန်းတွေလို Web Site မှာ၊ Email မှာပြန်လာတဲ့ code ကို 
fastboot mode ကနေ command နဲ့ထည့်ပေးရတာမဟုတ်ပါ။

Xiaomi ကထုတ်ထားတဲ့ Boot Loader Unlock Tool ကို အသုံးပြုရတယ်။ ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ပြီး
Unlock Tool သုံးပြီး Boot Loader Unlock လုပ်နိုင်ဖို့ ကိုယ့် Mi Account ကို အသုံးပြုရပါတယ်။ 

ဖုန်းမှာလည်း အဲသည် Mi Account Login ၀င်ထားခဲ့ရပါတယ်။ ကွန်ပျူတာမှာလည်း Internet
Connection ရနေရပြီး Boot Loader Unlock Tool မှာလည်း Unlock လုပ်ချင်တဲ့ ဖုန်းမှာ
login ၀င်ထားတဲ့ Mi Account နဲ့ Login ၀င်ရပါတယ်။

သည်တော့ Boot Loader Unlock လုပ်တဲ့နေရာမှာ မိမိ Mi Account သာ
 အရေးအကြီးဆုံး လိုအပ် ချက်ဆိုတာ သဘောပေါက်ပါ။

သည်တော့ ကိုယ့် Mi Account ကို Boot Loader Unlock လုပ်ခွင့်ရမယ့် Permission ရဖို့ 
Xiaomi ထံမှ Permission တောင်းရပါတယ်။ Xiaomi မှ Boot Loader Unlock လုပ်ချင်ရင် လုပ်လို့ရပါပြီဆိုတဲ့ SMS ပြန်ပို့လာချိန်မှ Unlock Tool ကိုသုံးပြီး Boot Loader Unlock လုပ်ရပါတယ်။
ကိုယ့် Mi Account မှာ Designer Account permission တွေ ထပ်တိုးတောင်းသလိုပေါ့။ 



ကဲဒီ Introduction လေးကို ဖတ်ကြည့်လိုကက်ပြီဆိုရင်တော့ ဒီစာအုပ်လေးက
Xiaomi ဖုန်းများကို Boot Loader Unlock ပြုလုပ်နည်းအတွက် ရေးသားထားတဲ့
ဒီစာအုပ်ဟာ ရှင်းလင်းပြီး ကောင်းလွန်းမယ်ဆိုတာကို သဘောပေါက်မယ်ထင်ပါတယ်။


ဒီစာအုပ်ကိုတော့ Bro Thet Zaw Ko မှ MIUI Fans များအတွက် 
အထူးရေးသား မျှဝေပေးထားတဲ့ PDF Version စာအုပ်ကောင်လေးဖြစ်ပါတယ်။


စာအုပ်ထဲပါ အကြောင်းအရာ Tutorial များကိုတော့ စာအုပ်ကိုဒေါင်းလော့ပြီးမှ
အသေးစိတ်အချက်အလက်များကို လေ့လာကြည့်လိုက်ပါခင်ဗျား.....