Showing posts with label Hardware နည်းပညာများ. Show all posts
Showing posts with label Hardware နည်းပညာများ. Show all posts

Wednesday, 13 September 2017


ZXW Dongle Full Crack Tool
ZXW Dongle ဝယ်ဖိုး အဆင်မပြေတဲ့ Hardwareသမားများအတွက်ပေါ့
ဘာတွေ အသုံးဝင်လဲဆိုတော့ လမ်းကြောင်းတွေ ရှာတဲ့နေတွေမှာ
ကျော်ခွဖို လိုအပ်လာတဲ့ way တွေ မှာ Diagramလို ရတနာသိုက်ရှာတဲ့ မြေပုံတွေ လို ခေါင်းမူအောင် ရှာစရာမလိုပဲ
လိုချင်တဲ့နေရာကို Click တစ်ချက်နိပ်လိုက်ယုံနဲ လမ်းကြောင်းတွေ တန်းပြီ ပြတဲ့ Tool လေပေါ့
Crack ဆိုတော့ လည် အစစ်လောက်တော့ ဘယ်ရမလဲ Crack လောက်ပဲ ရမှာပေါ့နော်
လိုအက်သူများ Down ကြပေါ့ဗျား
ZXW Dongle Full Crack Tool
Download link
Rar:password= z.msss
Credits

MTK charger......
MTK ဖုန်း​တော်​​တော်​များများမှာ ဒီလိုပုံစံမျိုးနဲ့ပဲ အားသွင်းစနစ်​ကိုတည်​​ဆောက်​ထားကြပါတယ်​...
* USB ​ဂေါင်းက လာတဲ့ 5 Volt က လမ်း​ကြောင်းသုံးခု ခွဲပီး ထွက်​သွားပါတယ်​ .....
1 . R906 ​လေးရဲ့ ထိပ်​ကို 5 Volt ရယ်​ ....( အဲ့ 5 Volt က အဲ့ R ​လေးရဲ့ ထိပ်​တဖက်​ထဲကိုပဲဝင်​တာပါ )
2 . Q901 လို့​ခေါ်တဲ့ ​ခြေ​တောက်​သုံး​ချောင်း​ထောက်​ FET ​လေးကို ဝင်​မယ့်​ R 908 ​လေးရဲ့ ထိပ်​တစ်​ဖက်​ရယ်​ ...( အဲ့ 5Volt ကလဲ အဲ့ R ​လေးရဲ့ ထိပ်​တဖက်​ထဲကိုဝင်​တာပါပဲ
3 . Q302 လို့​ခေါ်တဲ့ ​ခြေ​တောက်​ 6 ​ချောင်း​ထောက်​ IC ​လေးရဲ့ pin နံပက်​ 4  ရယ်​ တို့ကို 5 Volt အသီးသီးဝင်​သွားကြပါတယ်​ ...
အဲ့အ​ခြေအ​နေက ဖုန်းကို အားသွင်းကြိုးထိုးပီး တိုင်းတဲ့အ​ခြေအ​နေပါ......ဖုန်းပျက်​ရင်​ စက်​ပလိုင်းနဲ့ပဲ တန်းတန်းချိတ်​​နေကြလို့ မှားမှာ စိုးလို့ပါ .......USB ​ဂေါင်းမ​ကောင်းရင်​​တော့ အဲ့ volt ​လေး​တွေ မ​ရောက်​ဘူး​ပေါ့ဗျာ ​ဂေါင်း​လေး​တော့ ကွကိုလဲ ကြ​ပေါ့....
အဲ့အ​ခြေအ​နေ ​ရောက်​သွားပီ ဆိုတာနဲ့ ........
USB ​ဂေါင်းကလာတဲ့ 5 Volt ဟာ ခုန ( 1 ) မှာ​ပြောခဲ့တဲ့ R906 ​လေးရဲ့ ထိပ်​မှာ ဝင်​ပီး ဖင်​ဘက်​ အထွက်​မှာ R907 ဆိုတဲ့ R ​လေးနဲ့ ground ချပီး 0.5 Volt ဝန်းကျင်​​လောက်​ထွက်​ပါတယ်​ .......
5 Volt ကြီးမဟုပ်​ဘူး​နော်​ သူ့ ​နောက်​က R907 ​လေး ground ချမှ ထွက်​လာတဲ့ Volt က 0.5 Volt ဝန်းကျင်​ပါ .........
အဲ့ 0.5 Volt ​လေးက.....ဟိုမှာ အားသွင်း​ဂေါင်းကြီးလာထိုး​နေပါပီ လို့ Power IC ကို ​ကြောက်​အားလန့်​အား ​ပြေး အ​ကြောင်းကြားရတဲ့ Volt ​လေးပါ ......
အဲ့အချိန်​မှာ Power IC က ဒူး တနန့်​ နန် နဲ့ ဒင်းလာထိုးပီပဲ ငါလဲ လုပ်​စရာ ရှိတာ လုပ်​​ပေးမှ ဆိုပီ ........CHR LDO လို့​​ခေါ်တဲ့ လမ်း​ကြောင်းက​နေ 2.7 Volt ကို Q901 ဆိုတဲ့ ​ချေသုံး​ချောင်း FET ​လေးရဲ့ Gate ငုတ်​ကိုဝင်​ပီး ဖွင့်​​ပေးလိုက်​ပါတယ်​ .....
အဲ့အ​ခြေအ​နေမှာ power IC ဂ​ယောင်​​ချောက်​ခြား ဖြစ်​​နေမယ်​ ဆိုရင်​ ဆိုရင်​ 2.7 Volt ကို ​ချေသုံး​ချောင်း FET ​လေးကို ပြန်​မထုပ်​​ပေးဘဲ ​ဘောက်​ချီး Volt ​တေ ​ရောက်​​နေပါလိမ့်​မယ်​ ...Power IC ဖြုတ်​ထားရင်​လဲ အဲ့လိုမျိုးပါပဲ .Power IC ​ကောင်းမှ ထွက်​မဲ့ Volt ပါ 2.7 Volt က
အဲ့အ​ခြေအ​နေမှာ အဲ့ FET ​လေး​ကောင်း​နေမယ်​ ဆိုရင်​ FET ​လေးနဲ့ S ငုတ်​က​နေ 2.1 Volt ဝန်းကျင်​ထွက်​ပီး VDRV လို့​ခေါ်တဲ့ လမ်း​ကြောင်းနဲ့ Power IC ထဲကို ပြန်​ဝင်​သွားပါတယ်​ ...
အဲ့အဆင့်​ထိ ​ကောင်း​နေပီ ဆိုရင်​ .....အဲ့ ​ခြေသုံး​ချောင်း Q901 FET ​လေးရဲ့ .
            * G ငုတ်​မှာ 2.7 Volt
            * S ငုတ်​မှာ 2.1 Volt
            * D ငုတ်​မှာ 4.4 Volt ​လေး​တွေ ထွက်​​နေကြပါလိမ့်​မယ်​..
အဲ့ဒီ D ငုတ်​ဟာ ​နောက်​တဆင့်​​ပြောမယ့်​ Q302 လို့​ခေါ်တဲ့ ​ခြေ​တောက်​ 6 ​ချောင်း IC ​လေးရဲ့ pin နံပက်​ 3 နဲ့ အဆက်​အသွယ်​ရှိပါတယ်​ .....အဲ့​တော့ FET ​လေးရဲ့ D ငုတ်​မှာ 4.4 Volt ဆိုရင်
ခြေ​ခြောက်​​ချောင်း IC ​လေးရဲ့ Pin နံပက်​ 3 မှာလဲ 4.4 Volt ​ပေါ့
ဟုပ်​ဖူးလား.......အဆက်​အသွယ်​ရှိ​နေမှ ​တော့ ဒီ volt က ဒီ​ရောက်​ပီ​ပေါ့ .....
နောက်​ဆုံးလမ်း​ကြောင်း ဖြစ်​တဲ့ 5Volt ဟာ ​Q302 လို့​ခေါ်တဲ့ ​ခြေ​ခြောက်​​ချောင်း IC ​လေးရဲ့ Pin နံပက်​ 4 ကို 5 Volt ဝင်​မယ်​...
နောက်​ပီး Pin နံပက်​ 4 မှာ 4.4 Volt ရှိ​နေမယ်​ ဆိုရင်​ ...
ခု​ပြော​နေတဲ့ ​ခြေ 6 ​ချောင်း IC ​လေးလဲ ​ကောင်း​နေမယ်​ ဆိုရင်
Pin နံပက်​ 1 2 5 6 က​နေပီး 4.1 Volt အ​နေနဲ့ ထွက်​ပီး ....
Power Ic ကို ISENSE ဆိုတဲ့တလိုင်း....အဲ့ဒီ ISENSE လိုင်းဝင်​တာကို​တော့ ဝှိုက်​ဘုပ်​ကပုံမှာ မပါပါဘူးကွကိုဖြည့်​ကြည့်​လိုက်​ကြပါ
နောက်​တစ်​လိုင်းက R200 ကိုဖြတ်​ပီး battery + ငုတ်​ကို ဝင်​သွားပါ​တော့တယ်​ ...
အဲ့​တော့ ကျမ ဖုန်း​လေး အားဝမင်​ဘူး ဟုပ်​ပီ ......
USB ​ဂေါင်း​ကောင်းလာ မ​ကောင်းလား စစ်​မယ်​ USB ​ဂေါင်း ​ကောင်းမ​ကောင်းစစ်​ရင်​လဲ အားသွင်းကြိုထိုးပီး ပ​လော့တံကြီးနဲ့ ဂါင်းက pin ​တေကိုထိုးမစစ်​ပါနဲ့ သူနဲ့ connection ရှိတဲ့ C ​လေး​တေ Diod ​လေး​တေ ထိပ်​မှာ တိုင်းကြည့်​ပါ...
ဟို​ဂေါင်း​အောက်​လဲ ထိုးပီးစစ်​​ရော 5Volt pin ကိုထိုးရင်းနဲ့ ​ဘေးနာက D- D+ ​တေကို​ချော်​ပီး ပူထိုးမိပါ​လေ​ရော အဲ့​တော့ UPU ကိုသွားတဲ့ D- D+တေ ကို 5Volt ကြီး နင်းကန်​​ဆောင့်​ထိုးသလိုလဲ ဖြစ်​​ရော CPU ပါ ဂန့်​သွား​ရော ..
.ကို့ဆီလာပြတာ အားမဝင်​တာ ကို​ဆော်​တာ ပါဝါပါ ​သေသွားပါ​လေ​ရော ......အဲ့လိုဖြစ်​မှာ စိုးလို့ပါ....
USB ​ဂေါင်း​ကောင်းပီ .....USB ​ဂေါင်းက ထွက်​​ပေးထဲ့ 3 လိုင်း​ရောက်​ လား......???
ဟုပ်​ပီ ​ရောက်​​နေပီ သွားအ​ကြောင်းကြားတဲ့ လို်​င်း​ရော အ​ကြောင်းကြားရဲ့လား.........???
အ​ကြောင်းကြားလိုက်​လို့ သူ့က​ရော အသိအမှတ်​ပြုပီး Volt ထုပ်​​ပေးရဲ့လား........???
IC ​လေး​တေ FET ​လေး​တေ​ရော ​ကောင်းရဲ့လား ........??????
Volt ​တေ​ရော မှန်​​နေရဲ့လား ....????
ဖြုတ်​မယ်​ လဲမယ်​ စစ်​မယ်​ မ​ရောက်​ရင်​ ​ကျော်​မယ်​ ခွမယ်​ လုပ်​ကြ​ပေါ့.......
ပြောရင်းနဲ့ ကျ​နော့်​ဖာသာ​တောင်​ ရှုပ်​​နေပီ .....
အောက်​က ပုံ​လေး​တေနက်​ တိုက်​ကြည့်​​ပေါ့ဗျာ တခါ မရှင်း ၂ ခါ​တော့ ရှင်းသွားမာပါ....
2016 ရဲ့​နောက်​ဆုံး ​နေ့ နံနက်​ခင်းမှာ ဒီ post ​လေးနဲ့ နုတ်​ဆက်​လိုက်​ပီ 
ဒိုးလိုက်​​တော့ MTK charger ​ရေ......
2017 ရဲ့ အစမှာလဲ Error ​ပေါင်းစုံရှင်းနိုင်​ကြပီး မ​ရော်​ရပါ​စေနဲ့ဗျာ .......
အားလုံးအဆင်​​ပြေကြပါ​စေဗျာ
နက်​ဖန်​စတင်​မဲ့ နှစ်​သစ်​မှာ ​ပျော်​ရွင်​ကြပါ​စေ.....
လုအပ်​တာများရှိရင်​လဲ ကျ​နော့ အားနည်းချက်​​ကြောင့်​ပါ...
Credits
No Power .........?
No Power .........?
No Power တလုံးကို ဘယ်​က​နေ စပီး တဆင့်​ခြင်းစီ လိုက်​မလဲ ......?
ရမ်းသမ်းပီး power မလာတိုင်း power IC လဲစရာမလိုပါဘူး....တဆင့်​ချင်းစီစစ်​ကြည့်​လိုရပါတယ်​ ......
ဟုပ်​ပီ ကျ​နော်​ ခု​ပြောမှာက MTK ​တွေမှာ ဘယ်​လိုစက်​နိုးဖို့အတွက်​ အလုပ်​လုပ်​သလဲ .....ဘယ်​လိုအဆင့်​​တွေနဲ့စစ်​ရင်​ ဘယ်​ဟာပျက်​တယ်​ ဆိုတာ ထင်းခနဲ မြင်​နိုင်​မှာလဲ....Ok
ပထမဆုံး No power တလုံး .....စက်​ပလိုင်းနဲ့ချိတ်​ ....
ဒါက​တော့ service သမား​တွေက ဘာလာလာစက်​ပလိုင်းပဲ​လေ ......
ဟုပ်​ပီ စက်​ပလိုင်းနဲ့ချိတ်​ပီး ရင်​ ဘက်​ထီ အ​ပေါင်းငုတ်​က 4.0 volt ဟာ power IC ကို ​ရောက်​သွားမယ်​ ......
အဲ့အ​ခြေအ​နေ မှာ Power IC ​ကောင်း​နေမယ်​ဆိုရင်​ Power Key ကို Volt ​ရောက်​ရပါမယ်​ .....ဟုပ်​ပီ MTK ​တွေဆိုရင်​ Power key ကို 2.5Volt က​နေ 3.5Volt ဝန်းကျင်​ကြား​ရောက်​​နေပါမယ်​ ......
ဟုပ်​ပီ ဒါဆိုရင်​ Power Key ကို သူ့သက်​ဆို​င်​ရာvolt ​ရောက်​​နေမယ်​ ဆိုရင်​ Power IC အကြမ်းဖျဉ်း​ကောင်းတယ်​လို့ ယူဆလို့ရပါပီ.....
ဟုပ်​ပီ ဒါဆိုရင်​ ကျ​နော်​ Power IC ​ဘေးမှာ Power IC ​ကောင်းရင်​ ထွက်​ရမဲ့ Volt ​လေး​တွေကို ထိုးပြထားပါတယ်​ .....ဒီ volt ​လေး​တွေသည်​ power IC ​ကောင်းမှထွက်​မှာပါ ......
ဒီ Volt ​လေး​တွေထွက်​​နေပီ ဟုပ်​ပီ ....ဒါဆိုရင်​ Power IC ​ကောင်​ပီလို့ယူဆ လို့ရပီ .....
PowerIC ​ကောင်း​နေပင်​မယ့်​လည်း ....
စက်​မနိုးနိုင်​​သေးဘူး....ဟုပ်​ပီ အဲ့​တော့ ​နောက်​တဆင့်​အ​နေနဲ့ MTK ​တော်​​တော်​များများမှာ Network ပိုင်း​ရော စက်​နိုးခြင်းအပိုင်း​ရော မှာပါ လုပ်​​ဆောင်​​ပေးတဲ့ MT6166 ဆိုတဲ့ IC​လေးဆီ ဆက်​မယ်​ .... (အဲ့ဒီ IC ​လေးရဲ့ အလုပ်​လုပ်​တဲ့ အကြယ်​ဖြန့်​ကို 2016 december 5 ရက်​​နေ့တွင်​ post တင်​​ပေးထားပါတယ်​ )
နောက်​တပုံက MT6166​လေးကို Power ic ​ကောင်းမှ ​ပေးသွင်းမဲ့ Volt ရယ်​ ဒီ 6166 ဆိုတဲ့ IC​လေး​ကောင်းမှ ပြန်​ထွက်​​ပေးမဲ့ Volt ကို အ​ရောင်​ နစ်​မျိုးခွဲ​ပေးထားပါတယ်​ ...
အဲ့ အဖြု​ရောင်​ မျှားနဲ့ ထိုးတဲ့ 1.8 ​လေးလိုင်းက အဲ့ 6166 ဆိုတဲ့ IC​လေး​ကောင်းမှ ထွက်​မှာပါ ....အဲ့ဒီ IC​လေးမ​ကောင်းဘူး ပျက်​​နေမယ်​ ဆိုရင်​ စက်​မနိုးပါဘူး....
ဒါဆိုရင်​ power IC ရယ်​ Network ပိုင်း​ရော စက်​နိုးဖို့အတွက်​ပါ လုပ်​​ဆောင်​​ပေးတဲ့ Mt6166 ဆိုတဲ့ IC​လေးအထိ ​ကောင်း​နေပါပီ......
အဲ့ဒီ MT6166 ဆိုတဲ့ IC​လေးပျက်​​နေရင်​ စက်​ပလိုင်းနဲ့ ချိတ်​စမ်းမယ်​ ဆိုရင်​ 0.1 ​ကျော်​​ကျော်​​လောက်​​လေးမှာ Power Key နိပ်​ရင်​တက်​မယ်​ လွတ်​ရင်​ပြန်​ကျပါမယ်​ ...တဆင့်​ခြင်းဆီစစ်​ပါ.....
ကျန်​တာကို ဆက်​တင်​​ပေးပါမယ်​ .....
ကျ​နော်​အခု ပြထားတာ 730-u00ပါ
လိုအပ်​တာများရှိရင်​ ကျ​နော့အားနည်းချက်​​ကြောင့်​ပါ..
အားလုံးအဆင်​​ပြေကြပါ​စေ.....
                              
Credits