Showing posts with label နည်းပညာ စာအုပ်များ. Show all posts
Showing posts with label နည်းပညာ စာအုပ်များ. Show all posts

Tuesday, 24 October 2017

ဂီတဆိုင်ရာ စာအုပ်များ

ဂီတစာအုပ်များ

 ခုတစ်လော ဂီတာ တွေလေ့လာဖြစ်နေလို့ ဝါသနာတူတွေလည်း လေ့လာနိုင်အောင် စာအုပ်လင်ခ့်တွေကို
ကိုအာကာကြီးကနေ ပြန်ရှဲပေးတာပါ ။

ဂီတဆိုင်ရာ(၁၃အုပ်)

(၁)Rock Guitar တီးနည်း (ညီညီထွေး)
http://www.mediafire.com/?8ffjxou8bwb6f6y

(၂) လိဒ်ဂစ်တာ တီးခတ်နည်း (ဂီတမှူး P.Morgan)
http://www.mediafire.com/?q82ba12vt5h46r9

(၃) သီချင်းဆိုလေ့ကျင့်လိုသူများအတွက် Vocal Lesson (ခိုင်ကျော်)
http://www.mediafire.com/?zc3rbhb4ibcvc2a

(၄)အဆင့်မြင့် လိဒ်ဂစ်တာတီးခတ်နည်း (ခိုင်ကျော်)
http://www.mediafire.com/?cltw13gxvpdumxi

(၅)အခြေခံကီးဘုတ်တီးနည်း (ခိုင်ကျော်)
http://www.mediafire.com/?jq8o2sjltnnx5qn

(၆)အခြေခံစန္ဒယားတီးနည်း (ခိုင်ကျော်)
http://www.mediafire.com/?r5ij1add5m4a37j

(၇)မဟာဂီတ ပေါင်းချုပ် (မဟာဂီတ ဦးပြုံးချို)
http://www.mediafire.com/?dcbqjoz9qqbib70

(၈)မြန်မာ့မဟာဂီတ (လူထုဒေါ်အမာ)
http://www.mediafire.com/?f2vo9ttkyjt2cjx

(၉)Fl Studio 10 စာအုပ် (၀င်းဟိန်း)
http://www.mediafire.com/?uk49v7a5w4ok6du

(၁၀)အခြေခံဒရမ်တီးခတ်နည်း (ထက်မိုး)
http://www.mediafire.com/?kq079dxngoayo2c

(၁၁)ကော့ဒ်တစ်ခုမှ ကော့ဒ်တစ်ခုဆီသို့
သီချင်းရေးလိုသူတွေသိထားရမည့်အသံ (၅)သံ(အလိမ္မာ)
http://www.mediafire.com/?q5udq1bowjnvblc

(၁၂)ကီးနှင့်ကောဒ် (အလိမ္မာ)
http://www.mediafire.com/?h81k96h1ry69f3m

(၁၃)ကော့ဒ်များဖြင့် တေးသီချင်းများ တည်ဆောက်ခြင်း (အလိမ္မာ)
http://www.mediafire.com/?4p348ogtaua4d0r

Sunday, 8 October 2017

မြန်မာ Website များ စုစည်းမှု Android Application စတင် ဖြန့်ချိ

 
ကဏ္ဍအလိုက် ခွဲခြားကာ စုစည်းထားသည့် မြန်မာ Website များ စုစည်းမှု Application ကို C4E Group မှ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။

မြန်မာဘာသာဖြင့် ဖော်ပြပေးသော ပြည်တွင်း၊ ပြည်ပ Website (500) ကျော်ခန့် ထည့်သွင်းဖော်ပြထားပြီး အသစ်ထွက်ရှိလာသည့် Website
များကို အမြဲတမ်း up-to date website များ နေ့စဉ် ပေးပို့သွားမည်ဖြစ်သည်။  ၄င်း Application ကို အသုံးပြုခြင်းအားဖြင့် လိပ်စာအသစ်များကို
ချက်ချင်းသိရှိနိုင်သည်။
    ထို့အပြင် Application My Favorite Feature ကို ထည့်သွင်းထားပြီး မိမိကြိုက်နှစ်သက်ရာ Website များအား Favorite Icon ကို
နှိပ်ကာ မှတ်သားနိုင်မည်ဖြစ်သည်။  Website များရှာဖွေရာတွင်လည်း လွယ်ကူစေရန်အတွက် Search Feature ကိုလည်း ထည့်သွင်းပေးထားသည်။
မြန်မာဘာသာဖြင့် ဖော်ပြထာသည့် Website လွှင့်တင်သူများ၊ Facebook Page Admin များအနေဖြင့်လည်း မိမိတို့၏ Website လိပ်စာများကို
Application တွင် ထည့်သွင်းလိုပါက Google App(http://goo.gl/4ue5k) ၌ form ဖြည့်ပြီးပေးပို့နိုင်သည်။  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
လည်း မိမိတို့၏ Product များ၊ ၀န်ဆောင်မှုများကို ကြော်ငြာထည့်သွင်းနိုင်သည်။  Website အသစ်လွှင့်တင်သူများ အတွက်လည်း ၄င်းတို့ Website
များကို အချိန်တိုအတွင်း လူသိများစေရန် အထူးဈေးနှုန်းဖြင့် ထည့်သွင်းကြော်ငြာနိုင်မည်ဖြစ်သည်။
    အဆိုပါ Android application ကို Google Play Store (http://goo.gl/319Yu) တွင် Download ရယူနိုင်သည့်အပြင် Myanmar
Mobile Application Store (http://www.myanmarmobileapp.com) ၌လည်း download ရယူနိုင်ပါသည်။  ယခုမှအင်တာနက်စတင်အသုံး
ပြုသူများအတွက် အထူးသင့်လျော်သည့် application တစ်ခုဖြစ်ကြောင်းသိရှိရသည်။

Credit : NetGuide Journal

Android OS ကို အသုံးပြုထားသော Phone များနှင့် Tablet များအတွက် Website လိပ်စာများနှင့် Facebook Page လိပ်စာများကို

Wednesday, 13 September 2017

Java



https://dl.dropbox.com/u/94729309/learning%20java.docx
Chapter 1 Overview
ခရီးတစ်ခုကိုသွားတဲ့အခါ ခြေတစ်လှမ်းကနေ စရမှာမှန်တယ်။ ဒါပေမယ့် မသွားခင် ကိုယ်သွားရမယ့် ခရီးရဲ့ မြေပုံကို ကြည့်ထားရင်ပိုအဆင်ပြေမယ်ထင်ပါတယ်။ မြေပုံပေါ်မှာတော့ အသေးစိတ်မပါဘူးပေါ့။ ဒီ overview ကို မြေပုံလို့သတ်မှတ်ပြီးဖတ်ပါ။ နောက်အခန်းတွေမှာအသေးစိတ်သွားပါလိမ့်မယ်။

ကြိုတင်ပြင်ဆင်မှု
Java programming language ကိုစတင်လေ့လာဘို့အတွက် ပဏာမပြင်ဆင်မှုအနေနဲ့ အောက်ပါလင့် ၂ခုကနေ လိုအပ်တာတွေကို download ဆွဲပါ။
https://dl.dropbox.com/u/94729309/jdk1.7.0.rar
jdk1.7.0 ကို unzip လုပ်ပြီး install လုပ်ပါ။
eclipse-mobile-juno-win32.rar ကိုလည်း unzip လုပ်ပြီး eclipse ဆိုတဲ့ folder ကို D drive အောက်မှာထားပါ။
D drive မရှိလည်း ရှိတဲ့အောက်မှာထားပါ။
ဆရာမကတော့ data တွေကို D drive အောက်မှာထားတဲ့အလေ့ရှိပါတယ်။
ဒါတွေကို down ရတာ အခက်အခဲရှိရင် နီးရာ software CD ဆိုင်မှာဝယ်လို့ရပါတယ်။
Java jdk1.7.0 (Java Development Kit version 1.7.0 ) နဲ့ eclipse လို့ပြောဝယ်ပါ။
ဒါပြီးရင်တော့ စ discuss လုပ်ပါတော့မယ်။
eclipse folder ထဲက eclipse ဆိုတဲ့ ခရမ်းရောင်အလုံးလေးကို double click လုပ်လိုက်ပါ။
(>>ဆိုတဲ့သင်္ကေတကိုတွေ့ရင် click လုပ်ခိုင်းတယ်လို့မှတ်ပါ။)
ကွန်ပျူတာ screen မှာ This is a simple java program. ဆိုတဲ့စာသားလေးပေါ်လာအောင်ဘယ်လိုရေးမလဲဆိုတာကြည့်ကြရအောင်။
Project တစ်ခုအရင်ဆောက်
အရင်ဆုံး project တစ်ခုအရင်တည်ဆောက်ရမယ်။ test ဆိုတဲ့ project တစ်ခုဆောက်ဘို့ အောက်ကအတိုင်းလုပ်ပါ။
File>>New>>Project>>Java folder အောက်က Java Project ကို select လုပ်ပြီး Next>>
Project name ကို test လို့ပေးလိုက်ပါ။ မပေးချင်လည်းကြိုက်တာပေး။ ဘာပေးပေးရတယ်။ ပြီးရင် Finish>>
ဘယ်ဘက်ခြမ်းက Package Explorer မှာ test ဆိုတဲ့ folder လေးပေါ်လာမယ်။ ဒါဆို project ဆောက်ပြီးပြီ။
Class တစ်ခုလုပ်ရအောင်
Project ထဲမှာ class တစ်ခုထည့်မယ်။ class ကို Example လို့အမည်ပေးရအောင်။ အောက်ကအတိုင်းလုပ်ပါ။
Package Explorer မှာ test ဆိုတဲ့ folder ဘေးကမျှားလေးကို click လုပ်ရင် src ဆိုတာတွေ့မယ်။ src ကို right click လုပ်ပြီး New>>Class>>
name ကို Example လို့ပေးပြီး (ကြိုက်ရာပေးနိုင်ပါတယ်) Finish>>
src အောက်မှာ default package, အဲဒီအောက်မှာ Example.java ဆိုပြီးပေါ်လာမယ်။ ညာဘက်ခြမ်းမှာလည်း Example.java file ပွင့်နေပြီး code စတင်ရေးဘို့အသင့်ဖြစ်နေပါပြီ။ အောက်ပါအတိုင်းပေါ့။
public class Example {

}

Class ထဲမှာ Code တွေရေးမယ်
လောလောဆယ်တော့ အဲဒါကိုဖျက်လိုက်ပြီး အောက်က မှင်နီနဲ့ပြထားတဲ့ code တွေကို ကူးထည့်လိုက်ပါ။
/*
This is a simple Java program.
Call this file "Example.java".
*/
class Example {
// Your program begins with a call to main().
public static void main(String args[]) {
System.out.println("This is a simple Java program.");
}
}
ပြီးရင် save (Ctrl+s) လုပ်ပါ။
Run ကြည့်ရအောင်
Ctrl+F11) နှိပ်ပါ။
ပြီးရင်ညာဘက်အောက်ဘက်ကိုကြည့်ပါ။
This is a simple Java program.
ဆိုတာကိုတွေ့ပါလိမ့်မယ်။ ဒီ program က This is a simple Java program.
ဆိုတဲ့ စာတစ်ကြောင်းကို ကွန်ပျူတာ screen မှာပေါ်လာအောင်ရေးတဲ့ program မို့ပါ။
အဲဒီအစား ကိုယ်ပေါ်စေချင်တဲ့ စာကိုအစားထိုးထည့်ကြည့်ပေါ့။
ဒါအရိုးစင်းဆုံး program လေးကို run ကြည့်တာပါ။



code တွေကိုလေ့လာကြည့်ရအောင်
/*
This is a simple Java program.
Call this file "Example.java".
*/

/*
*/ ဒါကို comment လို့ခေါ်တယ်။ တစ်ကြောင်းထက်ပိုတဲ့ စာတွေကို comment လုပ်ချင်တဲ့အခါသုံးတယ်။ ဒီနှစ်ခုကြားမှာရှိတဲ့ စာတွေ code တွေကို compiler က compile မလုပ်ဘူးလို့သာမှတ်ထားပါ။ ကိုယ်ရေးချင်တာရေးလို့ရတယ်။ ဒါဟာ simple java program တစ်ခုဖြစ်ပါတယ်။ ဒီဖိုင်ကို Example.java လို့ခေါ်ပါတယ်လို့ပြောထားတာ။ ဒီအပိုင်းမရေးလည်းရတယ်။ ဒါဆိုဘာလို့ရေးလည်းဆိုတော့ ဒီ program ကို လေ့လာတဲ့သူကိုနားလည်လွယ်အောင်ရေးပေးထားတာဘဲ။ စက်ကဖတ်ဘို့မဟုတ်ဘူး။ လူဖတ်ဘို့ရေးပေးထားတာ။ လောလောဆယ်အဲလိုဘဲမှတ်ထားလိုက်ဦး။
နောက်တစ်ခုက
class Example {

java program တစ်ပုဒ်ရေးတော့မယ်ဆိုရင် class ဆိုတာလေး စရေးရတယ်။ နောက်က Example ဆိုတာကတော့ ဒီ class ရဲ့အမည်ကိုပြောတာ။ ကိုယ်ပေးချင်တဲ့အမည်ပေးလို့ရတယ်။
// Your program begins with a call to main().

// ဆိုတာလည်း comment ဘဲ။ အပေါ်က /*
*/
ဆိုတဲ့ comment နဲ့ဘာကွာလည်းဆိုတော့ // က စာတစ်ကြောင်းထဲအတွက်ဘဲသုံးနိုင်တယ်။

/*
*/ ကတော့ တစ်ကြောင်းထဲရော တစ်ကြောင်းထက်ပိုတဲ့ စာတွေအတွက်ပါသုံးနိုင်တယ်။ ဒါဘဲကွာတယ်။
public static void main(String args[]) {

java application တစ်ခုမှာ အနည်းဆုံး method တစ်ခုတော့ပါရတယ်။ အဲဒါ main method ဘဲ။ ကိုယ်ရေးလိုက်တဲ့ application တစ်ခုကို execute လုပ်တဲ့အခါ main method ကနေစလုပ်တယ်။ တစ်နည်းပြောရရင် main method ဆိုတာ စမှတ်ဆိုပါတော့။ ကျန်တာတွေကိုတော့ သူ့နေရာရောက်ရင်ရှင်းပြမယ်။ ခုတော့ဒီလောက်ဘဲမှတ်ထားဦး။

System.out.println("This is a simple Java program.");

ကွန်ပျူတာ screen မှာ ကိုယ်ပေါ်စေချင်တဲ့ စာတွေကို ဒီလိုပုံစံနဲ့ရေးပေးရပါတယ်။ ကိုယ်ပေါ်စေချင်တဲ့ စာကို “ ” ထဲမှာထည့်ရေးပေးလိုက်ပေါ့။

ထပ်ကြည့်ရအောင်

class Example {

public static void main(String args[]) {
System.out.println("This is a simple Java program.");
}
}
ဒါ အရိုးရှင်းဆုံး java program တစ်ခုရဲ့ပုံစံဘဲ။
class တစ်ခုရှိမယ်။ အဲဒီ class ကိုအမည်ပေးရမယ်။ ဥပမာ
class Example {
}
အနည်းဆုံး method တစ်ခုရှိရမယ်။ အမည်က main ပေါ့။ method ဆိုရင် အမည်နောက်မှာ () ပါရမယ်။ ဥပမာ
public static void main (String args[]){

}

ကွန်ပျူတာ screen ပေါ်မှာ hello ဆိုတဲ့စာသားလေးပေါ်ချင်ရင်ဒီလိုရေးမယ်။

System.out.println(“hello”);

ဒါကို main method ထဲထည့်ရမယ်။ ဒီလို

public static void main (String args[]){

          System.out.println(“hello”);

}
main method ကို class ထဲထည့်ရမယ်။ ဒီလို

class Example {

public static void main(String args[]) {

System.out.println("hello");
}
}

Summary
1.    Jdk1.7.0 ကို install လုပ်ပါ။
2.    eclipse folder ကို d drive အောက်မှာထားပါ။
3.    eclipse folder ထဲက eclipse ဆိုတဲ့ application ကို run ပါ။
4.    project တစ်ခုတည်ဆောက်ပါ။ test လို့အမည်ပေးပါ။
5.    project ထဲမှာ class တစ်ခုထည့်ပါ။ Example လို့အမည်ပေးပါ။
6.    class ထဲမှာ main method ကိုထည့်ပါ။
7.    main method ထဲမှာ ကိုယ်ဖြစ်စေချင်တဲ့ statement ကိုရေးပါ။
8.    run ကြည့်ပါ။

ကဲနောက်တစ်ခုဆက်ကြရအောင်
ဒီတစ်ခါ variable အကြောင်းလေးနည်းနည်းကြည့်ရအောင်။
Variable ဆိုတာ memory ပေါ်ကနေရာတစ်ခုပါဘဲ။
Variable ထဲမှာ data တွေထည့်လို့ရတယ်။
Variable တစ်ခုကို မသုံးခင် အရင်ဆုံး ကြေငြာရပါမယ်။ variable declaration လုပ်တယ်လို့ခေါ်တယ်။ ကြေငြာတဲ့ပုံစံကတော့

Type var-name;

Type ဆိုတာ variable ထဲမှာထည့်မယ့် data type ကိုပြောတာပါ။ data type တွေအများကြီးရှိတယ်။ 1, 2, 3, အစရှိတာတွေကို integer data type လို့ခေါ်တယ်။ int လို့ရေးရတယ်။
A, b, c အစရှိတာတွေကတော့ character data type ပေါ့။ char လို့ရေးရတယ်။ ဒီလောက်ဘဲ မှတ်ထားဦး။
var-name ဆိုတာက variable name ပါ။ ကြိုက်ရာအမည်ပေးနိုင်တယ်။ ပေးလို့မရတဲ့အမည်အချို့တော့ရှိတယ်။ နောက်တော့ရှင်းပြမယ်။
ကိုယ်က variable တစ်ခုကိုကြေငြာမယ်။ variable name ကို num လို့ပေးချင်တယ်ဆိုပါတော့။ variable ထဲမှာထည့်ချင်တာက integer value ဆိုပါတော့။
ဒါဆို ဒီလိုကြေငြာရတယ်။

int num;

ဒါက memory ပေါ်မှာ နေရာတစ်ခုယူလိုက်ပြီး အဲဒီနေရာကို num ကိုသတ်မှတ်လိုက်တာပါ။ ကိုယ်ကြိုက်ရာအမည်ကိုပေးနိုင်ပါတယ်။ num ရဲ့ရှေ့မှာပါတဲ့ int ဆိုတာက num ထဲမှာ ဘယ်လို data မျိုးကိုထည့်မယ်ဆိုတာပြောတာပါ။

ဟုတ်ပြီ။ variable declaration တော့လုပ်ပြီးပြီ data ဘယ်လိုထည့်မလည်း။ ကိုယ်က 100 ထည့်ချင်တယ်ဆိုပါတော့။ ဒါဆို

num = 100;

ဒီနေရာမှာ = သင်္ကေတာဟာ ညီမျှခြင်းကိုဆိုလိုတာမဟုတ်ဘဲ assign လုပ်တယ်လို့ဆိုလိုတယ်။ num ထဲကို 100 ထည့်ုလိုက်တယ်ပေါ့။


အဲဒီ num ထဲမှာရှိနေတဲ့ 100 ဆိုတာကို display လုပ်ပြချင်တယ်ဆိုပါတော့။ ဒါဆို

System.out.println(num);

ဒါမှမဟုတ် This is num: 100 လို့ပြချင်တာဆိုရင်တော့

System.out.println(“This is num: ”+num);

Variable ထဲက data ကိုထုတ်ပြချင်တာဆို “” မလိုဘူး။ ရှေ့ကဖော်ပြထားတာနဲ့ နောက်ကဖော်ပြချင်တာ ဆက်ဘို့ဆိုရင် + သင်္ကေတကိုသုံးရတယ်။

num ထဲမှာရှိတဲ့တန်ဘိုးကို ၂နဲ့မြှောက်ပြီး num ထဲပြန်ထည့်ချင်တယ်ဆိုရင် ဆိုလိုတာက num ကို ၂ဆတိုးချင်ရင်

num = num * 2;

*  ဆိုတဲ့သင်္ကေတလေးက အမြှောက်သင်္ကေတပါ။
num ထဲမှာ ပထမ ၁၀၀ ရှိနေမယ်။ ၂နဲ့မြှောက်ပြီးနောက်ဆိုရင် num ထဲမှာ ၂၀၀ ရှိမှာပေါ့။
အဲဒါကို display လုပ်ပြချင်ရင်

System.out.print(“The value of num * 2 is”);
System.out.println(num);

print နဲ့ println ဘာကွာလည်းဆိုရင် print ဆိုရင် cursor ကနောက်တစ်ကြောင်းမဆင်းဘူး။ println ကနောက်တစ်ကြောင်းဆင်းတယ်။ ln ဆိုတာ လိုင်းကိုပြောတာပါ။




ဒါတွေသိပြီးပြီရင် program တစ်ပုဒ်ရေးရအောင်။
eclipse ကို run ပါ။
ပြီးခဲ့တဲ့တစ်ခါကတည်ဆောက်ပြီးသား test ဆိုတဲ့ project အောက်မှာဘဲ နောက်ထပ် class တစ်ခုထပ်ထည့်ပါမယ်။ ဒီ class အမည်ကိုတော့ Example2 လို့ပေးရအောင်။
ပြီးရင် Example2.java မှာ အောက်ပါ code တွေကို copy လုပ်၊ save လုပ်ပြီး run ပါ။

/*
Here is another short example.
Call this file “Example2.java”.
*/
class Example2 {
public static void main(String args[]) {
int num; // this declares a variable called num
num = 100; // this assigns num the value 100
System.out.println("This is num: " + num);
num = num * 2;
System.out.print("The value of num * 2 is ");
System.out.println(num);
}
}

Output ကအောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်။

This is num: 100
The value of num * 2 is 200

ဒါပြီးရင် * နေရာမှာ + ထည့်ပြီး run ကြည့်ပါ။ Output က 102 ဖြစ်မယ်။
- ထည့်ပြီး run ကြည့်ပါ။ Output က 98  ဖြစ်မယ်။

/ ထည့်ပြီး run ကြည့်ပါ။ / ဆိုတာ အစား သင်္ကေတပါ။ Output က 50 ဖြစ်မယ်။






Two Control Statements
The if Statement
ဒီတစ်ခါ if Statement အကြောင်းကြည့်ရအောင်။ condition တစ်ခုကိုမှန်လား မှားလား စစ်ဆေးဘို့သုံးတယ်။ ဥပမာ num ထဲမှာ integer value တစ်ခု ထည့်ထားတယ်ဆိုပါတော့။ အဲဒီ value ဟာ 100 ထက်နည်းသလားဆိုတာသိချင်ရင်

if (num<100)

လို့စစ်ရတယ်။ 100 ထက်နည်းရင် num is less than 100 လို့ display လုပ်ချင်တယ်ဆိုပါတော့။ ဒါဆိုရင်

if (num < 100) System.out.println(“num is less than 100”);

လို့ရေးရတယ်။

num = 90;
if (num < 100) System.out.println(“num is less than 100”);

ခုဆို num ထဲမှာ 90 ရှိတယ်။ if (num < 100) နဲ့စစ်ကြည့်လိုက်တော့ ဒီ condition ဟာ true ဖြစ်နေတယ်။ ဒါကြောင့် နောက်က statement အတိုင်း num is less than 100 ဆိုတာကို display လုပ်ပြမယ်။ တကယ်လို့

num = 120;
if (num < 100) System.out.println(“num is less than 100”);

ဆိုရင် num ထဲမှာ 120 ရှိနေမယ်။ သူက 100 ထက်ကြီးတာဆိုတော့ condition က false ဖြစ်တယ်။ ဒါကြောင့် သူ့နောက်က statement ကို အလုပ်မလုပ်ဘူး။ ဒါကြောင့် ဘာကိုမှ display လုပ်ပြမှာမဟုတ်ဘူး။

ကဲဒီတစ်ခါ operator တွေကိုကြည့်ရအောင်
Operator                Meaning

<                          Less than
>                          Grater than
==                        Equal to (= တခုထဲဆို assignment ပါ။)
နမူနာ program တစ်ခုကြည့်ရအောင်။ integer number ၂ခုကို နှိုင်းယှဉ်ကြည့်မယ်။
Integer number ၂ခုဆိုတော့ integer variable ၂ခု ကို declare လုပ်ရမှာပေါ့။

int x, y;

x ထဲမှာ ၁၀ ထည့်ကြည့်မယ်။

x = 10;

y ထဲမှာ ၂၀ ထည့်ထားရအောင်။

y = 20;

x ဟာ y ထက် ငယ်သလားစစ်ပြီး ငယ်ရင် x is less than y လို့ display လုပ်မယ်။

if (x < y) System.out.println(“x is less than y”);

x ကို 2 နဲ့မြှောက်ပြီး x ထဲပြန်ထည့်ချင်ရင်

x = x * 2;

(ခုဆို x ထဲမှာဘယ်လောက်ဖြစ်သွားမလဲစဉ်းစားကြည့်ပါ။ ခုနက ၁၀ ထည့်ထားတယ်။ ခု ၂နဲ့မြှောက်လိုက်တော့ ၂၀ ဖြစ်သွားမှာပေါ့။)

ဒီတစ်ခါ x နဲ့ y equal ဖြစ်သလားစစ်ကြည့်ရအောင်။

if (x == y) System.out.println(“x now equal to y”);

(ဘာဖြေထွက်လဲစဉ်းစားကြည့်ပါ။ x ထဲမှာ ၂၀၊ y ထဲမှာလည်း 20 ဘဲ။ ဒီတော့ ဒီ condition က true ဖြစ်တယ်။ ဒါကြောင့် x now equal to y ဆိုတဲ့ စာကို display လုပ်ပြလိမ့်မယ်။)

ဒီတစ်ခါ x ကို 2 နဲ့ထပ်မြှောက်ဦးမယ်။

x = x * 2;
ခုဆို x ထဲမှာ ၄၀ ဖြစ်နေမယ်။ y ထဲမှာကတော့ ၂၀ ဘဲ။

x ဟာ y ထက်ကြီးသလားဆိုတာစစ်ကြည့်ရအောင်။

if (x > y) System.out.println(“x now greater than y”);

(ဘာအဖြေထွက်မလဲစဉ်းစားကြည့်ပါ။ x က y ထက်ကြီးနေတာအမှန်ဘဲ။ ဒါကြောင့် ဒီ condition true ဖြစ်တယ်။ ဒါဆို x now greater than y ဆိုတာကို display လုပ်ပြမယ်။)

ဒီတစ်ခါ x ဟာ y နဲ့တူသလားဆိုတာစစ်ကြည့်ရအောင်။

if (x == y) System.out.pritnln(“you won’t see this”);

(အဖြေဘာထွက်မလဲ။ x ထဲမှာ ၄၀ ရှိတယ်။ y ထဲမှာ 20 ရှိတယ်။ ဒါဆို x နဲ့ y တူမလား။ မတူဘူး။ ဒါဆို ဒီ condition false ဖြစ်တယ်။ ဒါဆိုရင် သူ့နောက်က statement  အလုပ်မလုပ်ဘူး။ ဒါကြောင့် you won’t see this ဆိုတာကို မြင်ရမှာမဟုတ်ဘူး။)

ထုံးစံအတိုင်း test project ထဲမှာ class တစ်ခုထပ်ထည့်ရအောင်။ အမည်ကို IfSample လို့ပေး။ ပြီးရင် အောက်က code တွေကူးထည့်ပြီး run ကြည့်ပါ။

/*
Demonstrate the if.
Call this file "IfSample.java".
*/
class IfSample {
public static void main(String args[]) {
int x, y;
x = 10;
y = 20;
if(x < y) System.out.println("x is less than y");
x = x * 2;
if(x == y) System.out.println("x now equal to y");
x = x * 2;
if(x > y) System.out.println("x now greater than y");
// this won't display anything
if(x == y) System.out.println("you won't see this");
}
}

ထွက်လာမယ့် output က အောက်ပါအတိုင်းဖြစ်မယ်။

x is less than y
x now equal to y
x now greater than y



Android Application ရေးနည်း (၁၀-၁၁-၁၂)

https://dl.dropbox.com/u/94729309/How%20to%20write%20android%20application%20%2810%2C11%2C12%29.docx

Android Application ရေးနည်း (၂ မှ ၁၂) (၁နှင့်၉မပါ)

https://dl.dropbox.com/u/94729309/How%20to%20write%20android%20application%20%282%20to%2012%29.docx

Android Application ရေးနည်း (13)

https://dl.dropbox.com/u/94729309/how%20to%20write%20android%20application%20%2813%29.docx
or
https://docs.google.com/folder/d/0B7h4BheTvCYRUE9IemtibDhvek0/edit

Android Application ရေးနည်း 2 to 15


Android Application ရေးနည်း 2 to 15 ပါပါတယ်။ ADT pluin လည်းပါပါတယ်။ example code တွေလည်းပါပါတယ်။ မရရင်ပြောကြပါ။

https://docs.google.com/folder/d/0B7h4BheTvCYRUE9lemtibDhvek0/edit 
 

ဖိုင်အားလုံးစုစည်းမှု


Android Application ရေးနည်းများ၊ Programming Language များ၊ အခြားလိုအပ်သည်များကို အောက်ပါ link မှာရယူပါ။ 
https://www.box.com/s/4jp76vzw9qai3dqhpfxe

ဒီနေ့Colour Note ထဲက blog နဲ့ပန်သက်တဲ့ pdf link လေးတွေ ပြန်တွေ့လို့တင်ပေး
လိုက်ပါတယ် အားလုံးအဆင်ပြေကြပါစေ
Blogger ဆိုင်ရာစာအုပ်မျာ
===================
BLOGS မှာ POST တင်နည်း
ဒီမှာ ဒေါင်းပါ
ဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း
ဒီမှာ ဒေါင်းပါ
Blogs မှာ LABELS  ထည့်နည်း  LINK ချိတ်နည်းအပြည့်အစုံ
ဒီမှာ ဒေါင်းပါ
Template ဒေါင်းယူနည်း နှင့်  Template သွင်းနည်း
ဒီမှာ ဒေါင်းပါ
BLOGSPOT ရဲ့ TEMPLATE တွေကို အလွယ်ဆုံးပြုပြင်နည်း
ဒီမှာ ဒေါင်းပါ
How To Invite Author & How To Accept ( Blogging )
ဒီမှာ ဒေါင်းပါ
BLOGS မှာအလွယ်ကူဆုံး MUSIC PLAYER ထည့်နည်း
ဒီမှာ ဒေါင်းပါ
How To Creat Apk For Your Website 0r Blogs
ဒီမှာ ဒေါင်းပါ
How To Do Your Blog Import-Export-Delete
ဒီမှာ ဒေါင်းပါ
How To Do Your Web-Blogs Page Speed Faster
ဒီမှာ ဒေါင်းပါ
ဘလော့ကာတစ်ယောက်အတွက် သိသင့်စရာထွေထွေရာရာ
ဒီမှာ ဒေါင်းပါ
ဘလော့မှာ Chat Roll အလန်းစားလေး နဲ့ ချက်ဘောက်ဖန်တီးကြမယ်
ဒီမှာ ဒေါင်းပါ
မိမိတို့ဘလော့မှာ  Power by Blogger  ဆိုတာကိုဖြုတ်နည်း
ဒီမှာ ဒေါင်းပါ
Credits