Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Tuesday, 17 July 2018

Android phone အတုအစစ်ခွဲနည်း



မင်္ဂလာပါ ---
 smartphone အရမ်းခေါတ်စားပြီးနောက်ပိုင်း ဖုန်းကုမဏ္ဏီတွေကလည်းအပြိုင်အဆိုင် သူများထက်သာအောင်လုပ်ဆောင်လာကြတဲ့အချိန်မှာ
china က" MYPHONE" .com ကလည်း Androidphone မှာ အစစ်နဲ့မခြား clone များမွေးဖွားပေးလာကြပါပြီ။

အဲဒီမှာ clone ဖုန်းတွေဟာ ဘယ်လောက်အထိတူအောင်လုပ်နိုင်သလဲဆိုရင် အပြင်ပန်းတင်မက အတွင်းက ဆော့ဝဲ တွေပါ တူအောင်ဖန်တီးပေးထားကြပါတယ်။ ဒါကြောင့် သာမန်လူတို့ မသိနိုင်ကြပါဦး။ရှေ့ဆက်ပြီး Clone တွေကလည်း အရမ်းတိုးတက်လာတော့ မိမိဝ
်ချင်တဲ့ showroom ကနေဝယ်မှ စိတ်ချရမဲ့ အနေထားဖြစ်လာခဲ့ပါပြီ။

ယနေ့ မြန်မာပြည်ရဲ့ မြို့ကြီးများမှာလည်း smartphone လောကမှာ Second phone ဈေးကွက် ကလည်းအရမ်း ခောတ်စားလာပြီးတော့ တချို့တွေဆို clone တွေအလိမ်ခံကြရပါပြီ။ ဒါကြောင့် ကျနော် "Soe Nyi Nyi "လက်လှမ်းမှီသလောက်လေ့လာထားတဲ့နည်းလေးတွေကို မျှဝေပေးပါမယ်။

အတုအစစ်ကို ဖုန်းခေါ်တဲ့နေရာကနေပြီး ဆိုင်ရာ ကုတ် နံပါတ်ရိုက်ရုံပါပဲ---

Redmi Mi-Phone= စစ်နည်း
ဖုန်းခေါ်သောနေရာမှ *#*#64663#*#* ကိုနှိပ်ပါ
china စာသော်၎င်း အင်္ဂလိပ်စာသော်၎င်း ပေါ်လာပါမည်။
ဒီ coad က အခုနောက်ပိုင်း Rafer အလုံးတွေလဲစစ်လိုရနေပါတယ် ဒါကြောင့် clone တွေစစ်မရတဲ့
 setting ထဲကိုဝင်လိုက်ပါ
About ထဲက kernal verdion ကို လေးငါးခါလောက် အကြိမ်ကြိမ်နှိပ်လိုက်ပါ - ပေါ်လာလျှင် အစစ်ပါမပေါ်လျှင် အတုဟုသတ်မှတ်ပါ-pgone တခုလုံးကိုစစ်လိုရပါပြီ။

Samsung= *#0*#
ဒီ coad ကလည်း clone မှာလဲစစ်လိုရနေပါတယ်
*#*#7353#*#* ကိုနှိပ်လိုက်ပါ စစ်လိုရပါပြီ
သိုသော် 2016-နောက်ပိုင်း clone ဖုန်းများမှာလည်း ရနေပါသေးတယ် ဒါကြောင့် နောက်ဆုံးအနေနဲ့ Discplay ထဲကနေ fount style ကိုတချက်ကြည့်ပါ ပါလျှင်အစစ်
မပါလျှငိအတု ပါ-

HUAWEI= phone ခေါ်တဲ့နေရာကနေပြီး *#*#2846579#*#* လိုရိုက်လိုက်ပါ။ တချို့ဖုန်းတွေပေါ်ပေမယ့် အချို့သောဖုန်းတွေမပေါ်ပါဘူး။
ဒါဆိုရင် *#*#121314#*#*ကိုနှိပ်လိုက်ပါ ဟိုးးအရင် moden အနိမ်ဖုန်းလေးတွေဟာ ဇယားကွက်တန်းပြပေမယ့် ခုနောက်ပိုင်း ဖုန်းတွေကြ မပြပါဘူး M--- ကိုနှိပ်ပါ
အဒီကတဆင့် vol key နဲ့ တဆင့်ခြင်းသွားပါ။ စိတ်ကြိုက်စစ်ပါ။ထိုအရာများမပေါ်လျှငိ တော့ အတုဟုသတ်မှတ်ပါ။

*558# ဟုရိုက်လိုက်ပါ။ဖန်ရှင်ဇယားကြလာပါမယ်။
 ဒါပေမယ့် သိပ်မယုံရသေးပါဘူး။ 2016-clone တွေလဲ အဒီ ကုတ် ရတာကို ကယ်လီဖိုးနီးယားကလုံးမှာတွေ့ရပြန်တယ်။ ဒါဆို နောက်တခုရိုက်မယ် *#*#4838#*#* ဖြစ်ပါသည်။ အဒီကုတ် နှစ်မျိုးစလုံးဘာမျှ မပေါ်လျှင် clone ဟူမှတ်ပါလေ။

ဒါကကျန်တဲ့ဖုန်းတွေရဲ့ ကုတ် နံပါတ်တွေပါ

OPPO =*#808#
SONY=*#*#7378423#*#*
HTC=*#*#3424#*#*
LENOVO=####1111#
MEIZU=*#*#3646633#*#*
ZTE=*#*#4636#*#*

စိတ်ကြိုက်သိချင်ရင်တော့ Imei ရိုက်ကြည့်ရပါမယ်
ဖုန်းခေါ်တဲ့ နေရာကနေပြီး *#06# လိုရိုက်လိုက်ပါ
ဂဏန်းများကြလာပါမယ်
1-sim ဆိုလျှင် imei တတန်းသာပေါ်တတ်၍
2-sim ဆိုပါက imei နှစ်တန်းပေါ်ပါမည်။
အဒီ ဂဏန်းတွေကိုမှတ်သားထားပါ
internet ဖွင့်ပြီး browser က bar မှာ
www.imei infor.com လိုရိုက်လိုက်ပါ
ထိုနောကိအဆင့်ဆင့်ဝင်ရင်း imei ရိုက်လိုရမဲ့နေရာလေး ပေါ်လာပါမယ် အဒီမှာ စောနက မှတ်သားထားတဲ့ imei ဂဏန်းတွေရိုက်ထည့်လိုက်ပါ
ဒါဆိုရင်တော့ imei ပိုင်ရှင်ဖုန်းတလုံးရဲ့ တည်ဆောက်ပုံကအစပြပေးပါလိမ့်မယ်။

clone ဆိုလျှင်တော့ ဘာမှပေါ်မည်မဟုတ်ပါ။
Ref
                               
                      လိမ်ညာခြင်းကင်းဝေး၍
           ပျော်ရွှင်နိုင်ပါစေ ----softwareguide(နည်းပညာ)

Mobile Phone အတုအစစ်ခွဲနည်း


Android Phone များ အတု အစစ်ခွဲနည်း
=====================
အဲအကြောင်းလေး မပြောခင်မှာ ဒီအကြောင်းလေးကို သိထားရပါမည်။
IMEI ဆိုတာဘာလဲ?
IMEI ဆိုတာ International Mobile Station Equipment Identity ဖြစ်ပါတယ်။
IMEI ဆိုတာ မြန်မာလို ရိုးရိုး ရှင်းရှင်း ပြောရမယ် ဆိုရင် ဖုန်းတစ်လုံးမှာ မရှိမဖြစ်
အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအနေမှာ ပါဝင်ပါတယ်။ ဖုန်းတစ်လုံးဆီမှာ သူရဲ့
IMEI Code နံပတ် တစ်ခုစီ ရှိပါတယ်။
ဘာကြောင့် IMEI က အရေးကြီးလဲ?
ဘာကြောင့် IMEI ဆိုတာ အရေးကြီးလဲ ဆိုရင် IMEI ဟာ ဖုန်းတစ်လုံးရဲ့ အသက်ပါဘဲ။
ကျွန်တော်တို့ ဖုန်းတွေ သုံးတယ်ဆိုတာ ဘာလုပ်ဖို့ သုံးတာလဲ။ ဖုန်းပြောဖို့အတွက် သုံးတာ
မှတ်လား။ ဖုန်းပြောဖို့ မဟုတ်ဘဲ Game ဆော့ချင်ရင် Tablet ၀ယ်ပြီး Game ဆော့လို့ရတယ်မှတ်လား။
အင်း အဲဒါပါဘဲ။ IMEI မရှိရင် ဖုန်းပြောလို့မရပါဘူး။ အဲဒါကြောင့် IMEI ကို အရေးကြီးတယ်လို့
ပြောတာပါ။ ပြီးတော့ IMEI နံပတ်သိယုံနဲ့ အဲဒါ ဘာဖုန်းလဲ ဆိုတာ သိလို့ရပါတယ်။ ဒီနည်းကိုတော့
Samsung,Sony,HTC,iPhone,LG တွေမှာဘဲ အသုံးဝင်ပါတယ်။ China Phone တွေမှာ တော်တော်
များများ အသုံးမ၀င်ပါဘူး။ IMEI နံပတ်သိယုံနဲ့ အဲဒါဘာဖုန်းလဲ ပြီးတော့ အဲဒါဘာမော်ဒယ်လဲ ပြီတော့
အဲထဲမှာ ပါတဲ့ Feature တွေကို ကြည့်လို့ရပါတယ်။ စစ်ချင်ရင်တော့ http://www.imei.info/ မှာ
IMEI နံပတ်ထည့်ပြီး သွားကြည့်လို့ရပါတယ်။ ဖုန်းတစ်လုံးမှာ မိမိက IMEI စစ်ကြည့်လိုက်တဲ့အခါမှာ
အဲဒီ IMEI က Null နေတာတွေ ပြီးတော့ 000 တွေ ဖြစ်နေတာတွေ ပြီးတော့ Invalid ဖြစ်နေတာတွေ
ဆို အဲဒီ ဖုန်းဟာ ဖုန်းပြောလို့ မရတော့ပါဘူး။ ဖုန်းပြောလို့ မရတော့တဲ့ အတွက် အဲဒီဖုန်းဟာ Game သာ
ဆော့လို့ရပြီး ဖုန်းပြောလို့ရတော့မည် မဟုတ်ပါ။ အဲဒီအခါကျရင် သက်ဆိုင်ရာ Tools တွေနဲ့ ပြန်ရေးမှ
ဖုန်းတစ်လုံးရဲ့ IMEI နံပတ်ဟာ တက်လာမှာ ဖြစ်ပါတယ်။ IMEI ရဲ့ အဓိပ္ပါယ် ရှင်းလင်းချက်ကို သိပြီနော်။
ဖုန်းတစ်လုံးမှာ IMEI နံပတ်ကို ဘယ်လို သိနိုင်မလဲ?
ဖုန်းတစ်လုံးမှာ IMEI နံပတ်ကို သိချင်ရင် ဖုန်းရဲ့ ဘက်ထရီကို ခွာပြီးတော့ အဲဒီဖုန်းနောက်ကျောမှာ ရှိပါတယ်။
ဖုန်းထဲကနေလဲ သွားကြည့်လို့ရပါတယ်။ သွားကြည့်မယ် ဆိုရင်တော့ ဖုန်းခေါ်တဲ့ Key မှာ *#06# လို့ရိုက်လိုက်ပါ။
မိမိရဲ့ IMEI နံပတ် တက်လာပါလိမ့်မည်။ပြီးတော့ ဖုန်းရဲ့ ဘူးမှာလည်း ပါပါတယ်။
မိမိဖုန်းတစ်လုံး ၀ယ်တော့မယ်ဆိုရင် *#06# နဲ့ IMEI ကို စစ် ပြီးရင် အဲဒီ IMEI ကို စာရွက်လေးနဲ့ မှတ်ထားပါ။
ပြီးရင် ဖုန်းကို ဘက်ထရီခွာပြီး ဖုန်းရဲ့ နောက်ကျောက IMEI နံပတ်နဲ့ တိုက်ကြည့်ပါ။ ပြီးရင် ဖုန်းဝယ်နေတုန်း ဖုန်းရဲ့
ဘူးမှာပါတဲ့ IMEI နံပတ်နဲ့ တိုက်ကြည့်ပါ။ အကုန်လုံး အဆင်ပြေမှ အဲဒီဖုန်းကို ၀ယ်ပါ။ နို့မို မဟုတ်ပါက အဲဒီဖုန်း
တစ်လုံးဟာ အထဲထဲက ဆားကစ်ဘုတ် ချိန်းထားတာ ဒါမှမဟုတ် ဘူးတွေ မှားနေတာတွေ ဖြစ်တတ်လို့ပါ။
IMEI အကြောင်းကို သိပြီထင်တယ်နော်။ IMEI မရှိရင် ဘာဖြစ်တတ်လဲ။ IMEI မရှိရင် ဖုန်းပြောလို့ ရမှာ မဟုတ်ဘူးနော်

Huawei
----------
Huawei ကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ဘာကြောင့်လဲဆိုတော့ Huawei က China Phone
ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ Huawei China Phone တောင်မှ အတု ထွက်ပါသေးတယ်။
အဲဒီတော့ Huawei အတုအစစ် ခွဲနည်းလေးကို ပြောပြပေးလိုက်ပါတယ်။ အရင်ဦးဆုံး ဖုန်း စစ၀ယ်ရင်
စစ်ကမဲ့ အချက်က ဖုန်းခေါ်တဲ့ Key မှာ *#06# ကို နှိပ်ပေးပါ။ IMEI နံပတ် တက်လာပါလိမ့်မည်။
အဲဒီ IMEI နံပတ်ကို မှတ်ထားပြီး ဘူးတွေ ပြီတော့ ဘက်ထရီခွာပြီး အနောက်ကဟာတွေ နဲ့ တိုက်ကြည့်ပါ။
တူပြီလား အိုကေပြီလား။ နောက်တစ်ဆင့်ထပ်တက်ပါမည်။ ဖုန်းရဲ့ Settings ထဲကို ၀င်ပါ။ About Phone
ထဲကိုဝင်ပါ။ About Phone ထဲမှာ Model number ကိုကြည့်ပါ။ ဥပမာ Huawei U8825D ဆိုရင် ဖုန်းရဲ့
ဘူးတွေ ဖင်တွေမှာ သွားကြည့်ပါ Huawei U8825D ချင်းတူလား တူရင်ရပါပြီ။ နောက်တစ်ဆင့် Android Version
က 4.0.4 ဆိုရင် icream Sandwich မှတ်လား။ icream Sandwich မဟုတ်ဘဲ Gingerbread ဖြစ်နေပါက
အဲဒါဆို အတုဖြစ်ဖို့ သေချာသွားပါပြီ။ ဒါကလည်း ဖုန်းတစ်လုံး စစ၀ယ်ရင် စစ်ရမဲ့ အရာပါ။ အဓိကက အဲဒါ ပြသာနာ
မဟုတ်ပါဘူး။ နောက်ပိုင်းကျရင် ဖုန်းသုံးရင်း သုံးရင်းနဲ့ အတုအစစ်ခွဲခြားတက်သွားပါလိမ့်မည်။ Huawei အတုက
Firmware ရေးလို့ မရဘူး။ ပြီးတော့ မှန်ကွဲရင် မှန်တွေ လဲလို့ရမှာ မဟုတ်ဘူး။ အဲလောက်ဘဲ မှတ်ထားလိုက်ပါ။

Samsung
------------
Samsung ကတော့ ရှင်းပါတယ်။ အတုဆိုရင် Download Mode ၀င်လို့မရဘူး။ Firmware ရေးလို့မရဘူး။
ပြီးတော့ IMEI ကိုလည်း http://www.imei.info/ အဲမှာ သွားစစ်လို့ရပါတယ်။ အရင်ဦးဆုံး သူများတကာက
Samsung Phone တစ်လုံး လာရောင်းမည်ဆိုပါက စစ်ရမဲ့ အပိုင်းက IMEI နံပတ်ကို http://www.imei.info/ မှာ
စစ်ကြည့်ပါ။ အတုဆိုရင် ရှာလို့ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ IMEI ကို Fake IMEI ထည့်ထားရင်တော့ မပြောတတ်
ပါဘူး။ အတုဆိုရင် Download Mode ၀င်လို့မရပါဘူး။


HTC
------
HTC မှာလည်း ရှင်းပါတယ်။ အစစ်ဆိုရင် Recovery mode,Fastboot Mode ၀င်လို့ရပါတယ်။ အတုဆိုရင်
အဲဒါဆိုဝင်လို့ရမည်မဟုတ်ပါ။ ဥပမာ သူများတကာက မိမိကို HTC Phone လာရောင်းပါက Vol Down + Power
ဝင်ကြည့်လိုက်ပါ။ Recovery Mode တွေ Fastboot Mode တွေ ၀င်လို့ရရင် အစစ်ပါ။ ၀င်လို့မရပါက အတုပါ။
အတုဆိုရင် Firmware မရှိပါဘူး အထဲက IMEI နံပတ်ကိုလည်း စစ်လို့ရပါတယ်။ တစ်ချို့ အတုတွေမှာဆိုရင်
IMEI ကို အတုထည့်ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Androd ဟာ Open Source ဖြစ်နေတဲ့အတွက်
ကြောင့်ပါ။

Sony
------
Sony မှာက အတုထွက်တာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အတုဟာ လူသုံးများတဲ့ ပစ္စည်းတွေကိုဘဲ လိုက်ထုတ်
လို့ ဖြစ်ပါတယ်။ တကယ်လို့ စစ်ချင်ရင် IMEI နံပတ်ကို ရိုက်ကြည့်ပြီး Online မှာ စစ်ကြည့်လို့ရပါတယ်။

Tuesday, 24 October 2017

Internal Memory နဲတဲ့ဖုန်းတွေမှာ Memory မြှင့်နည်း



မိမိဖုန်းက internal memory နဲနဲလေးပါတဲ့ဖုန်းဆို အရမ်းစိတ်ညစ်ရပါတယ်...app နဲနဲလေးထည့်လိုက်တာနဲ့ပဲ
ပြည့်သွားပါတယ်... link2Sd တွေကလည်း အာရုံနောက်ပါတယ် ဟီး

လိုအပ်ချက်:-

1. ဖုန်းက Root လုပ်ထားရပါမယ်
2.Root Explorer လေးလိုပါတယ်..

ပြုလုပ်ပုံအဆင့်ဆင့် :-

1. Root Explorer ကိုဖွင့်လိုက်ပါ။
2.  system/etc folder ဆီသွားပါ..ထိပ်နားလေးက rw(read/write) ကို touch လုပ်ပြီး mount လုပ်ပါ
3.  vold.fstab file လေးကိုရှာပြီး SD card ထဲကို ကော်ပီလုပ်ပါ။
4. ဒီအဆင့်က Text Editor တစ်ခုခုနဲ့လုပ်နိုင်ပါတယ် ကျွန်တော်က pc ပဲအားရလို့ pc နဲ့လုပ်ပါတယ်
5. အောက်ကစာသားလေးတွေကိုရှာပါ။ မျဉ်းတားပြထားပါတယ်
How to Increase Internal Memory of Android How to Increase Internal Memory of Android
6.  sdcard ဆိုတဲ့နေရာကို ext_card လို့ပြင်ရေးပါ ext_card ကိုတော့ sdcard ဆိုပြီး ပြင်ရေးလိုက်ပါ။အောက်ကအတိုင်းပြန်ဖြစ်သွားပါတယ်။.
How to Increase Internal Memory of Android1 How to Increase Internal Memory of Android
7. ပြီးရင် ဖုန်းက  system/etc ကိုပြန်သွားပြီး vold.fstab file ကို  vold.fstab.old  လို့ပြောင်းလိုက်ပါ။
8.စောစော Text တွေ Edit လုပ်ခဲ့တဲ့ vold.fstab file ကို ဒီနေရာမှာ paste လုပ်လိုက်ပါ။ပြီးရင် အဲ့ဖိုဒါပေါ်ကို ခပ်ကြာကြာလေးဖိပြိး “rw_r_ _r_ _”  permission လေးယူပါ။
9. ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။
အကုန်ပြန်ပြောင်းမယ်ဆို အသစ်ထည့်ထားတဲ့vold.fstab file ကိုဖျက်ပြီး နာမည်ပြောင်းထားတဲ့ vold.fstab.old fileကို vold.fstabလို့ပြောင်းလိုက်ရုံပါပဲ ... Reboot ချပေးလိုက်ပါနော်
ဒါပါပဲ
ကျွန်တော် Huawei Y220t လေးမှာ လက်တွေ့စမ်းသပ်ထားပါတယ်
အမှားပါသွားရင် တောင်းပန်ပါတယ်

 Credit=HanWaiLinn-www.sayyoethe.blogspot.com
   www.facebook.com/hanwailinn.hanwailinn
 

Android Root ရှိတဲ့ဖုန်းတွေအတွက် Internal Memory ထပ်တိုးနည်း


တချို့ Android ဖုန်းတွေမှာ ဖုန်းတွင်း Memory အရမ်းနည်းနေတတ်ပါတယ် 256MB လောက်ပဲ ပါပဲ တဲ့ Version နိမ့် Android ဖုန်းမျိုးဘာဘီမြင်ဖူးပါတယ် ခု Memory နည်းလို့ စိတ်ညစ်နေသူများ ဒါမှ မဟုတ် အတေည်သင့်ပါရဲ့နဲ့ App တွေ များများသုံးချင်သူများအတွက် (တစ်ချို့ဖုန်းတွေမှာ default stroage location) ပြောင်း တာမပါဘူးလေ :D) SD ကတ်မှ Memory တစ်ချို့တစ်ဝက်ကို ဖုန်းတွင်း Internal Memory နဲ့ ချိတ် ဆက်ပုံကိုဘာဘီ ပြောပြပါမယ်

ဖုန်းကနေပဲ လုပ်မှာမို့ အဆင့်တွေတော့များတယ်နော် ပြိးတော့ ဒီ ဆော့ဖ်ဝဲက App2SD ရဲ့သဘောနဲ့ တူတယ် ဒါပေမယ့် သူ့လောက် Error မရှိပါဘူး App2SD သုံးရင် imei ပျောက်သွားတာတို့ Internal Memory လုံးဝသုံးမရတာတို့ဖြစ်တတ်ပါတယ်
ခုပြောပြမယ် ကောင်က သဘောချင်တူပေမယ့် အလုပ်လုပ်ပုံချင်မတူပါဘူး ပြီးတော့ ဒီတော့ ဒီကောင်က Error ကင်းတယ်လေ တော်တော်များများလဲ သိပြိးသားဖြစ်မှာပါ ဒါပေမယ့် မသိသေးသူများအတွက် ဘာဘီ ပြောပြမယ်နော်

လိုအပ်တာကတော့ အနည်းဆုံး
4GB ရှိတဲ့ microSD ကတ်လိုပါတယ် အကြံပေးချင်တာကတော့ တတ်နိုင်ရင် 8GB သုံးစေချင်ပါတယ် ပြီးတော့ 8GB ဆိုရင် Classes 6 လောက် ရရင်ပိုကောင်းတာပေါ့နော် ပြိးတော့ Data တွေ ရှိရင်လဲ တစ်ခုခုမှာသိမ်းထားပေါ့ SD ကတ်ကို အဲ app လေးက format ချသွားမှာမို့ပါ

ဟုတ် ပြိးတော့ ဒီ Software တွေကိုဒေါင်းလိုက်ပါ

- Aparted
https://www.dropbox.com/s/8cwk7shzqt01ycu/AParted.apk

-Link2SD ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်နဲ့
https://www.dropbox.com/s/bhnyfkuxvis6zcz/Link2SD%20Plus.apk

ဟုတ် Software တွေ Install လုပ်ပြိးရင်တော့ စကြတော့မယ်နော်

၁ ။ Sotware တွေ Install လုပ်ပီးရင် အရင်ဆုံး အဲဒီ Software တွေမသုံးခင် ဖုန်း Setting ထဲကိုသွားလိုက်ပါ Storage ဆိုပြိးပါပါတယ် အဲမှာ SD card ဒါမှ မဟုတ် external SD ဆိုပြိး ပါပါတယ် အဲ SD ကို Unmount SD card လုပ်လိုက်ပါ

၂ ။ Ok လား Cancel လားမေးရင် Ok ပေးလိုက်ပါ

၃ ။ mount sd card ဆိုပြိး ပြောင်းသွားရင်ရပါပြိး အဲ Setting ထဲက ထွက်လိုက်ပါ

၎ ။ ခု Install လုပ်ခဲ့တဲ့ app တွေ ထဲက Aparted ဆိုတဲ့ app ကိုဝင်ပါ ပြိးရင် အစိမ်းရောင် အပေါင်းလက္ခဏာလေးပါပါတယ် အဲကောင်ကို တစ်ချက်စိ ၃ ခေါက်နှိပ်လိုက်ပါ

၅ ။ နှိပ်ပြိးပါက Part1 ၊ Part2 ၊ Part3 ဆိုပြိး သုံးခုတွေ့ရမှာပါ ပြိးရင် Internal Memory ကို ဘယ် လောက် GB ထိတိုးမှာလဲ 1GB လား 2GBလား 4GB လား
ဟုတ် ဘယ်လောက်ပဲတိုးတိုး အဲတိုးမယ့် GB ကို Part2 မှာသွားသတ်မှတ်ရမှာပါ Part1 နဲ့ မဆိုင်ပါဘူး

၆ ။ ဒါဆို Part2 ကွင်းထဲက fat32 ကိုသွားနှိပ်လိုက်ပါ

၇ ။ နှိပ်တာနဲ့ Format တွေ အများကြိးပေါ်လာမှာပါ ext2, ext3, ext4, fat32/fat16, f2fs,swap
အဲ Format များထဲက အနိမ့်ဆုံး ext2 ကိုတော့ ဖုန်းတော်တော် များများ support ပေးပါတယ် ဒါပေမယ့် နောက်ပိုင်း huawei model မြင့် တစ်ချိုနဲ့ ဈေးကွက်မှာ နာမည်သိပ်မထင်ရှားတဲ့ ဖုန်းအချိုကတော့ fat32 ပဲ support ရပါတယ် huawei အစောပိုင်းတွေကထွက်ခဲ့တဲ့ဖုန်းတွေကတော့ ext support ရပါတယ် ext format support လုပ်ရင် Software ရဲ့ အရသာကို အပြည့်ဝခံစားရမှာဖြစ်ပြိး fat32 ဆိုရင်တော့နည်းနည်း အကန့်သတ်ရှိပါတယ် အဲဒီက မိမိဖုန်းနဲ့ကိုက်ညီမယ့် format တစ်ခုရွေးလိုက်ပါ

၈ ။ ပြီးရင် Part2 ကပဲ 0MB ဆိုတာ Click လိုက်ပါ

၉ ။ နံပါတ်ရိုက်ရမယ့် Boxတစ်ခုပေါ်လာပါမယ် အဲဒီမှာ Internal အတွက်
2GB စဉ်းစားထားတယ်ဆိုရင်2044 ရိုက်ပါ
4GB စဉ်းစားထားရင် 4088 ရိုက်ပါ

SD ကတ်သာ 4GB ပဲရှိတယ်ဆိုပါက
1GB ပဲ ရိုက်ပါ 1022 ပေါ့ ပြိးရင် OK နှိပ်

၁၀ ။ ပြီးရင် Part3 ကိုဆက်သွားပါမယ် Part1 ကိုချန်ထားခဲ့ပါနောက်ဆုံးမှ လုပ်ပါမယ်
Part3 မှ fat32 ကိုပဲ Click ပါ

၁၁ ။ Format တွေအများကြီးပေါ်လာပါမယ် swap ကိုပဲရွေးပေးပါ

၁၂ ။ ပြီးရင် Part3 မှပဲ 0MB ကိုနှိပ်ပါ

၁၃ ။ နံပါတ်ရိုက်မယ် box တစ်ခုပေါ်လာပါမယ် 256 ဟုရိုက်ပါ 256 ထက်မပိုပါစေနဲ့ ဒီ Part3 အသုံးပြုနည်းကို ဒီပိုစ်မှာ မရှင်းပြသေးပါဘူး ရှုပ်သွားပါမယ် သူက Ram ကို support လုပ်တဲ့ format ဖြစ်ပါတယ် ဘာအတွက် ဒီမှာ ခုကတည်းလုပ်သလဲဆိုတော့ နောက် ဒီကောင်ကို လုပ်ချင်လာရင် ထပ် Partition ခွဲရင် အရင်လုပ်ထားတာတွေ အကုန်ပျက်သွားမှာမို့ပါ

၁၄ ။ Part2 နဲ့ Part3 ပြီးရင် Part1 ကိုခုမှ သွားလုပ်ပါမယ်
Part1 ကတော့ fat32 ပဲထားရမှာမို့ fat32 ပဲထားပါ ပီးရင် 0MB ကိုနိပ်ပြီး New Partition Table msdos အောက်မှ part2 နှင့် Part3 ကိုလုပ်ပြိး ကျန်သော memory ပမာဏ နံပါတ်ကို ရိုက်ထည့်ရမှာပါ

၁၅ ။ တစ်ခုနဲ့တစ်ခုမတူပါဘူး ဘာပဲဖြစ်ဖြစ် Total MB မှ Part2 နင့် Part3 ကိုနှုတ်လို့ရလာတဲ့ နံပါတ်ကိုထည့်ရမှာပါ

၁၆ ။ ပြီးရင်အပေါ်ထောင့်က Menu ကိုနိပ်ပြီး Apply Changes နိပ်ပါ

၁၇ ။ ပြီးရင် ok ကိုထပ်နှိပ်ပါ

၁၈ ။ sd card ready ဆိုပြီးပြလာရင် ထပ်ပြီး ok ကိုနှိပ်ပါ

၁၉ ။ ပြီးရင် App ထဲမှထွက်လိုက်ပါ

၂၀ ။ ခု Link2SD ဆိုတဲ့ software ကိုစဖွင့်လိုက်ပါ Part2 တွင်မိမိ လုပ်ခဲ့သော format ကိုရေးလိုက်ာ

၂၁ ။ reboot ချလိုက်ပါ

၂၂ ။ reboot ပြန်တက်လာရင် Link2SD ကိုပြနိဝင်ပြီး Yပုံစံလေးကို နှိပ်ပါ ပြီးရင် user ကိုနိပ်ပါ
user applications အောက်ရောက်သွားပါမည်

၂၃ ။ Menu ကိုနိပ်ပီ multi select လုပ်လိုက်ပါ

၂၄ ။ အပေါ်က select all ကိုနိပ်ပါ

၂၅ ။ Menu ကိုထပ်နိပ်ပြီး crate link ကိုနိပ်ပါ

၂၆ ။ Link တွေအကုန် အမှန်ခြစ်ပေးပါ

၂၇ ။ linked->SDcard ဆိုရင် ထပ်တိုးထားတဲ့ memory ထဲရောက်သွားပါပြီး

၃၀ ။ Menu ကိုနိပ်ပါ stroage info ဆိုပီးပါပါတယ် ၀င်လိုက်ပါ

၃၁ ။ sdcard 2nd part ဆိုတာ ထပ်တိုးးထားတဲ့ memory ပါပဲ

၃၂ ။ cache တွေ ရှင်းပေးတဲ့ shortcut တစ်ခု ဒါမှ မဟုတ် widget မှတဆင့် Desktop ပေါ်တင်ရပါတယ်
ပြိးတော့ တခြား Tool တွေလဲပါပါသေးတယ်။













ဒီပို့စ်လေးကို PDF စာအုပ်အဖြစ်လိုချင်သူများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်


Credit = B4rb3


Sunday, 15 October 2017

သူများဖုန်းထဲက အချက်အလက်တွေကို မိမိဖုန်းထဲကနေလှန်းကြည့်နည်း


တစ်ခြားသူရဲ့ ဖုန်းထဲက အချက်အလက်တွေကို ကိုယ့်ဖုန်းထဲကနေပြန်ကြည့်နိုင်မည့်နည်းလမ်းလေးပါ။
သင့်ချစ်သူဖုန်းထဲက အချက်အလက်တွေကို သင်သိချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းဟာ သင့်အတွက်အသုံးဝင်သွားပါပြီ။ ယခင်က ချပြပေးခဲ့ဖူးတဲ့ Hellospy ထက်ပိုပြီးသာတဲ့နည်းလမ်းဖြစ်ပါတယ်။
သူများဖုန်းထဲက Phone Logs , SMS , Pictures , Gps , Contacts , Browser , Video , Application ,Facebook , Viber , Skype , Line ,Twitter , Tango တို့ အပြင်အခြားသောအချက်အလက်တွေကို သင့်ဖုန်းထဲကနေ ပြန်ကြည့်နိုင်ပါတယ်။
အရင်ဦးဆုံး သူများဖုန်းမှာ သူမသိအောင်တော့ SPAPP Monitonng ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးကိုထည့်ပြီး Register လုပ်ထားရပါမယ်။ အဲ့ဒီ Register လုပ်လိုက်တဲ့ Email or Password ကိုဘဲအသုံးပြုပြီး ကိုယ့်ဖုန်းထဲကနေပြန်ကြည့်တာပါ။
တစ်ခုသတိထားရမှာက သူ့ ဖုန်းထဲမှာ Register လုပ်ပြီးသွားတဲ့အချိန်ကစပြီးတော့ သူ့ ဖုန်းထဲကိုဝင်လာတဲ့အချက်အလက်များနဲ့  သူအသုံးပြုတဲ့ အချက်အလက်တွေကို ကိုယ့်ဖုန်းထဲမှတစ်ဆင့် စတင်ကြည့်ရှုလို့ ရပါပြီ။
Register မလုပ်ခင်က အချက်အလက်တွေကိုတော့ ကြည့်ရှုနိုင်မှာမဟုတ်ပါဘူး။
မိမိအတွက် အသုံးဝင်မယ်ဆိုရင်တော့ လေ့လာပြီး ရှယ်ထားနိုင်ပါတယ်။

ဆော့ဝဲကို ဒီမှာဒေါင်းပါ