Tuesday, 13 March 2018

ဖုန်းထဲမှာ Rar & Zip တွေံကို ချုံ့ Extract Here လုပ်နိုင်တဲ့ -7Zipper 3.9.7 APK


Android ဖုန်းတွေ Tablet တွေမှာလည်း ရှိထားတဲ့ Rar & Zip Application တစ်ခုပါ။ မိမိလိုချင်တဲ့ Application တွေကို Online မှာဒေါင်းလုပ်ဆွဲတယ်ဆိုရင် App သီးသန့် တင်ထားတာတွေလည်းရှိသလို Rar & Zip စတာတွေနဲ့လည်း ချုံ့ပြီးတင်ထားတာတွေရှိကြပါတယ်။ အဲဒီ အခါမှာ ဖုန်းထဲမှာတင်တိုက်ရိုက် Rar ကိုဖြည်ချနိုင်ပါတယ်။ ဒါအအပြင်မိမိဖုန်းထဲမှာရှိတဲ့ File တွေကိုလည်း Archive လုပ်ပေးနိုင်ပါသေးတယ်။ Archive လုပ်ရာမှာလည်း Password ပါထည့်ထားနိုင်ပါသေးတယ်ဗျာ။ လုပ်ဆောင်ချက်တွေအားလုံးကတော့ PC အတိုင်းပါဘဲ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။



                 

glitter-graphics.com

Saturday, 10 March 2018

နည်းစနစ် မှန်ကန်စွာဖြင့် Windows 7 တင်နည်း

t

ဒီနေ့ ညီငယ်၊ညီမငယ် အတော်များများနဲ့ ကွန်ပြူတာသုံးသူတိုင်း Windows တင်နည်းစာအုပ်များ
ဖတ်၍၎င်း၊ပြောသံကြားဖြင့်၎င်း၊IT ကိုအနည်းအကျဉ်းလေ့လာထားသူများရဲ့ လမ်းညွှန်မှုဖြင့်၎င်း
Windows ကိုကိုယ်တိုင်တင်ကြပါတယ်။ဒါဟာ ကောင်းသောလက္ခဏာတရပ်ပါ။ဒါပေမဲ့ များသော
အားဖြင့် နည်းစနစ်မမှန်ကန်ခြင်းကြောင့် ဝင်းဒိုးတင်ပြီးပြဿနာများ ကြုံတွေ့လာရပါတယ်။



(၁)မိမိ တင်လိုတဲ့ Windows 7 Edition ISO ဖိုင်ကိုဒေါင်းလုပ်ယူပါ။
(၂)ဒေါင်းလုပ်ပြီး ISO ဖိုင်ကို ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး Burning Softwares တခုခုဖြင့်
    Bootable Image အဖြစ် DVD-R (or) Flash Drive(USB Stick) မှာ Creat လုပ်ပါ။
    (ကျွန်တော်အကြိုက်ဆုံးနဲ့ လက်ကိုင်သုံးတာကတော့ Power ISO ပါ)
(၃)အဲဒီ Bootable Image DVD (or) USB ကိုစက်မှာထည့်ပါ။
(၄)Local Disk(C:) မှသိမ်းဆည်းထားချင်တဲ့ Files များကိုအခြား Disk(D:/E:/F:..etc)
    မှာ Move လုပ်ပြီး စက်ကို Power ခလုတ်နဲ့ပိတ်လိုက်ပါ။
(၅)စက်ကို Power ပြန်ဖွင့်ပြီး f9 (or) f12 (or) Delete ကို ရိုက်ပါ။Boot Manager တက်လာရင်
    DVD Rom (or) USB flash drive ကိုရွေး၊Enter ရိုက်ပါ။
    (Boot Manager ကောင်းကောင်းအလုပ်လုပ်တဲ့ တချို့စက်များမှာ DVD ဖြင့်တင်ပါက
     Auto Boot တက်လာပြီး Enter ရိုက်ရုံပါ။)
(၆)အောက်ကပုံအတိုင်း Windows is loading files ..ဆိုပြီး စတင် Boot လုပ်ပါမယ်။



(၇)Loading ပြီးရင် Language ကိုရွေးပြီး Next ကိုကလစ်ပါ။

(၈)နောက်တဆင့် Install now ကို ကလစ်ပါ။(ဒီနေရာမှာ Windows ကအင်စတောမဖြစ်ဘဲ
    Error တခုခုတက်လာရင် ဘယ်ဘက်အောက်နားက Repair your computer ကိုကလစ်
    ပြီး Repair လုပ်ဘို့လိုအပ်ပါတယ်။၁၅-မိနစ်ခန့်ကြာနိုင်ပြီး Repair ပြီးလို့ Restart ကျ၊စက်ပြန်
    ပွင့်လာရင် Boot ပြန်လုပ်ပါ)

(၉) I accept license terms ကိုအမှန်ခြစ်ပေးပြီး Next ကို ကလစ်ပါ။

(၁ဝ) Custom (advanced) ကိုရွေးပါ။(Oreginal Microsoft Windows 7 DVD 1 PC 1DVD
       အခွေဝယ်ထားမှသာ Upgrade ကိုရွေးလို့ရပါတယ်။တခွေကိုဒေါ်လာ ၁ဝဝကျော်ပါတယ်)

(၁၁) အင်စတောလုပ်မဲ့ Hard Disk(C:)-System Disk ကိုစက်ကအော်တိုရွေးပြီးဖြစ်လို့
       အခြား Disk များကိုကလစ်ပြီးမရွေးမိဘို့သတိပြုပါ။ညာဘက်အောက်နားက Drive
       option(advanced) ကိုကလစ်ပြီး Format လုပ်ပါ။Next ကိုကလစ်ပါ။

(၁၂) အောက်မှာမြင်ရတဲ့ပုံတွေအတိုင်း Copying,Expanding,Installing လုပ်ပါလိမ့်မယ်။





(၁၃) ပထမအကြိမ် Restart ကျပါမယ်။Restart now ကိုမကလစ်ပါနဲ့။အဆင်မပြေရင်
       Boot Missing ဖြစ်သွားနိုင်ပါတယ်။

(၁၄) Windows ပြန်တက်လာပြီး အောက်ပုံတွေအတိုင်း ဆက်လက် အင်စတောလုပ်ပါမယ်။



(၁၅) Installing ပြီးတာနဲ့ ဒုတိယအကြိမ် Restart ကျပြီး Windows ပြန်တက်လာပါမယ်။



(၁၆) Windows Account name ကို မိမိကြိုက်နှစ်သက်ရာ နာမည်တခုရိုက်ထည့်ပါ။

(၁၇) Password ၂-ကြိမ်ရိုက်ပါ။ပြီးရင် Hint ရိုက်ထည့်ပါ။(Password နှင့် Hint မတူအောင်
       ထည့်ပါ)

(၁၈) Windows Product Key ထည့်ရမဲ့နေရာဖြစ်ပါတယ်။များသေားအားဖြင့်ဒီနေရာမှာ
       Skip လုပ်ပြီးဆက်သွားကြတာများတယ်။Skip မလုပ်ပါနဲ့။Key ထည့်ပါ။Edition
       အားလုံးတွက်ကီးကို ပုံပေါ်မှာရေးပေးထားပါတယ်။(ကီးထည့်ခြင်းဖြင့် မိမိတင်တဲ့ဝင်းဒိုး
       ကို ဘယ်နေ့၊ဘယ်အချိန်၊ဘယ် Edition ကိုတင်တယ်ဆိုတာ Microsoft က Auto Record
        လုပ်ထားပေးပြီး performances တခုခုဖြစ်လာပါက Microsoft.com ကိုဝင်ပြီးဖြေရှင်း
        နည်းများ၊Fix it ဆော့ဝဲများ ရယူနိုင်ပါတယ်။)

 (၁၉) အင်တာနက်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ Use recommended settings ကိုရွေးပါ။
        (ဒီနေရာမှာ လှေနံဓါးထစ်အစွဲတခုက windows ကို Update ဖွင့်သုံးရင်စက်ပျက်တတ်
         တယ်...ဆိုတဲ့ အစွဲကြီးပါ။Microsoft ရဲ့ Windows 7 အင်စတောလုပ်ပုံမှာလဲအဲသည်လို
        ရေးထားတာမရှိပါ။Microsoft ကလဲ    Use recommended settings ကိုသာရွေးဘို့ရေး
         ထားတာပါ။ Update ဖွင့်သုံလို့စက်ပျက်မယ်ဆိုရင်ကျွန်တော်တင်ပေးခဲ့သမျှ စက်အလုံး
        ပေါင်း ၃ဝဝ-ကျော်လောက်ကအမှိုက်ပုံးထဲရောက်လောက်ပြီပေါ့။ဘာမှမဖြစ်ပါ။ဖလန်းဖလန်း
        ထလျက် သုံးနေကြဆဲပါ။)

(၂ဝ) Time zone ကိုရွေးပြီး Next ကိုကလစ်ပါ။

(၂၁) Home Network ကိုရွေးပါ။(ဒီနေရာမှာ Use recommended settings ကိုရွေးထားတဲ့
       အတွက် wireless သုံးသူများ Available ဖြစ်နေတဲ့ Wireless Network များတက်လာပြီး
       ကိုယ်သုံးတဲ့ Network ကိုရွေး၊password ထည့်ပါ)


(၂၂) ဒီလိုတဆင့်ချင်းနည်းစနစ်မှန်ကန်စွာ အင်စတောလုပ်ရင် အောက်ကပုံတွေအတိုင်း
        ကိုယ်တင်လိုက်တဲ့ windows က ဘာပြဿနာမှမရှိဘဲ တက်လာပြီး လိုအပ်တဲ့
        ဆော့ဝဲတွေကိုဆက်လက် အင်စတောလုပ်ရုံဖြစ်ပါတယ်။



မှန်ကန်သောနည်းပညာများ ဆက်လက်လေ့လာ၊ပြန်လည်ဝေမျှ နိုင်ကြပါစေ။

Share

Wednesday, 7 March 2018

Website များ Facebook Page များကို ကိုယ်ပိုင် Apk လုပ်နည်း





  • ကျနော်တို့ အနေနဲ့ ဒီ နည်းစနစ်ကိုသုံးပြီး မိမိရဲ့ ကိုယ်ပိုင် Website ကိုသော်လည်းကောင်း၊ ဒါမှမဟုတ် မိမိ ကြည့်ရှုလေ့ရှိတဲ့ Website တွေ၊ ကိုသော်လည်းကောင်း ဖန်တီးထားနိုင်ပါတယ်။




  • ဒီလို ဖန်တီး ဖို့ အတွက် ကျနော်တို့ သုံးချင်တဲ့ Icon တွေ၊ နောက်ခံပုံတွေကို သက်ဆိုင်ရာ Website အလိုက် ၊ Link အလိုက် လိုက်ဖက်ညီအောင် ကြိုတင်ပြီး သက်ဆိုင်ရာဆိုဒ်များမှာ ဒေါင်းယူထားပေါ့ဗျာ
  • ပထမဆုံး ဒီလင့်မှာ ၀င်ရောက်ပြီး Sign Up လုပ်လိုက်ပါ။ ပြီးရင် မိမိ Sign Up လုပ်လိုက်တဲ့ Gmail အကောင့်ကိုဝင်ပြီး Acivation Comfirm လုပ်ပေးလိုက်ရင် ကျနော်တို့ စတင်ပြီး ကိုယ်ပိုင် Android Application တွေ၊ Windows Phone Appliacation တွေကို စတင်ဖန်တီးလို့ရပါပြီ။
  • ကျနော် စမ်းသပ်ကြည့်သလောက်တော့ မိမိတို့ အမြဲလေ့လာကြည့်ရှုလေ့ ရှိတဲ့ Website တွေ၊ Facebook Page တွေကို Application တစ်ခုတည်းမှာပဲ စုစည်းပြီး ဖန်တီးထားလို့လည်း ရပါတယ်။ ကိုယ်တိုင် စမ်းသပ်ရင်းနဲ့ မိမိစိတ်ကြိုက်ဖန်တီးကြည့်လိုက်ပါ။ ကျနော်အနေနဲ့က တော့ ဒီပို့စ်မှာ အညွှန်းသဘောလောက်ပဲ တင်ပြပေးသွားမှာပါ။ Free Android Apk ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Premium ဖန်တီးချင်ရင်လည်း အဆင်ပြေပါတယ်ခင်ဗျား…..
  • အခြား ဖန်တီးလို့ရတဲ့ လင့်လေး ရှိပါသေးတယ်။ ဒီမှာ ၀င်ရောက်ကြည့်လိုက်ပါ။ ကျနော်က တော့ ပထမ လင့်ကိုပဲ သုံးပြီး တင်ပြပေးသွားမှာပါ။အောက်ပါပုံကတော့ ပထမဆုံး လုပ်ဆောင်ပေးရမယ့် မြင်ကွင်းဖြစ်ပါတယ်။Create new ကိုနှိပ်လိုက်ပါ။

  • 1

    Enter Facebook or site ဆိုတဲ့နေရမှာ မိမိနှစ်သက်ရာ Link ကို Copy ယူပြီးထည့်လိုက်ပါ။
    2

    ဒီပုံကတော့ ကျနော် နမူနာ လုပ်ပြပေးထားတာပါ။
    Category မှာ Everyone ကိုပဲရွေးပေးတာ အကောင်းဆုံးပါ။
    3
    အဆင်သင့်ဖြစ်ရင် Go Mobile ဆိုတာ နှိပ်လိုက်ပါက အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ခဏစောင့်လိုက်ပါ။
    4
    ဒါဆိုရင်တော့ ဒီပုံအတိုင်း တွေ့ရပါမယ်။ Untitled ဆိုပြီးတွေ့ရပါမယ်။ ပြန်ပြင်လို့ရပါတယ်။ အရင်ဆုံးလေ့လာကြည့်ပါ။
    5
    အောက်ပါပုံကတော့ Facebook Page ရဲ့ Link ထည့်ပုံဖြစ်ပါတယ်။
     မိမိထည့်ချင်တဲ့ FB Link ကို Copy ယူလိုက်ပြီး မျှားပြထားတဲ့နေရာမှာ Paste လုပ်လိုက်ပါ။ လင့်အပြည့်အစုံက ပုံအတိုင်း ပြောင်းသွားမှာပါ။
    11
    အောက်ပါပုံအတိုင်း ဆက်လုပ်ပါ။ 1.2.3 တွေကတော့ Theme. Background နဲ့ Navigation တွေပါပဲ။ တခုချင်းစီအတွက်မိမိနှစ်သက်ရာရွေးပေးလိုက်ပါ။ Background အတွက် ကိုယ်တိုင် Upload တင်ပြီးလည်း သုံးနိုင်ပါတယ်။
    6
    .............................
    9
    ကျနော်တို့ ပုံ (၅) မှာ တွေ့ရတဲ့ Untitled ဆိုတာ ဒီနေရမှာ ပြင်မှာပါ။ icon နဲ့ Splash Screen ကို မိမိစိတ်ကြိုက် upload တင်ပြီးသုံးနိုင်ပါတယ်။
    7
    အောက်ပါပုံကတော့ Icon နဲ့ Splash Screen ကို ကျနော် Upload လုပ်ပြီး သုံးထားတဲ့ပုံပါ။
    8
    ဒီပုံကတော့ Add more pages ဆိုတဲ့ Tab ထဲကနေ မိမိထည့်သွင်းချင်ရာ Icon ကိုနှိပ်ပြီး နာမည်ပေးလိုက်ပါ။ Additional Page မှာလည်း Custom အနေနဲ့ စိတ်ကြိုက်ထည့်သွင်းလို့လည်း ရပါတယ်။
    12
    ဒီပုံကတော့ နမူနာ Page တွေ၊ Link တွေထည့်ပြပေးထားတဲ့ ပုံပါ။
    13
    မိမိစိတ်ကြိုက် ထည့်သွင်းပြီးသွားရင်တော့ Generate ဆိုတဲ့ Tab ကိုနှိပ်ပေးနိုင်ပါပြီ။
    14
    ဒါဆိုရင်တော့ ကျနော်တို့ apk တစ်ခုကို ဒေါင်းပြီး စမ်းသပ်သုံးစွဲကြည့်လို့ရနိုင်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Download file ကိုနှိပ်ပြီး ဖုန်းပေါ်မှာ သုံးစွဲကြည့်လိုက်ပါ။
    15
    ကျနော်အနေနဲ့ အညွန်းလောက်ပဲ ပြပေးထားတာ ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် စမ်းသပ်ပြီး လုပ်ကြည့်ပါဗျာ…. 
    Credit to Myanmar Play