Tuesday, 20 February 2018



Gmail အကောင့် နာမည် ပြောင်းနည်း

Gmail နာမည်ချိန်းနည်းလေးကိုတင်ပေးလိုက်ပါတယ်။
မိမိလက်ရှိသုံးနေတဲ့ Gmail နာမည်ကို မကြိုက်တော့ဘူး ရိုးသွားပြီး အသစ်ချိန်းချင်တယ်ဆိုရင် နာမည်အသစ်ချိန်းနည်းကိုလေ့လာပြီး ချိန်းလို့ရပါတယ်။ အောက်မှာပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်။
(လေ့လာကြည့်ကြရအောင်)

www.google.com သို့သွားရန်

အောက်ပါပုံတိုင်းပေါ်လာပါက Sign in နေရာကိုနှိပ်ပြီး မိမိ Gmail Account ကို Log In ၀င်ပေးလိုက်ပါ။

Gmail Account ကို Log In ၀င်ပြီးရင် အောက်ပါပုံတိုင်း ပြထားတဲ့ လေးထောင့်ပုံ Icon ပုံလေးကိုနှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း My Account အားနှိပ်ပေးလိုက်ပါ။
Personal info & privacy ဘေးနာက မြှားလေးကိုနှိပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်တွင် အောက်ပါပုံတိုင်း Name ဘေးနားမှ မြှားလေးကိုနှိပ်ဝင်လိုက်ပါ။

ဒီနေရာမှာ မိမိပြောင်းမယ့် နာမည်အသစ်ကို အပေါ်တစ်ခု အောက်တစ်ခုထည့်ပြီး Done ကိုနှိပ်လိုက်ပါ။
နှစ်ခုပေါင်း နာမည်တစခုပါ

Done ကိုနှိပ်ပြီးသွားရင်တော့ မိမိပြောင်းလိုက်တဲ့ နာမည်အသစ်ကိုရရှိပြီဖြစ်ပါတယ်။


အာကာ
Software Guide
www.swln.info


ကိုယ်သုံးနေတဲ့ Gmail Password ပြောင်းနည်း

မိမိ Gmail သူများခိုးသူနေတာသိရင် Password အသစ်ပြောင်းရန် လိုအပ်ပါတယ်။ Gmail Password ပြောင်းနည်းလေး မသိသေးသူများတွက် ပုံလေးတွေ ကြည့်ပြီး လေ့လာနိုင်ပါတယ်။


မိမိ Gmail အကောင့် Password မေ့သွားရင် ပြန်ယူနည်း

Gmail Password မေ့လို့ ပြန်မယူတတ်တဲ့ မိတ်ဆွေများအတွက်

Gmail Password မေ့သွားရင် ပြန်ယူးနည်းလေးကို ပုံနှင့်တကွ ရှင်းပြပေးလိုက်ပါတယ်။
အသေးစိတ်ကို တစ်ပုံချင်း ကြည့်ပြီး လေ့လာနိုင်ပါပြီ



















မိမိ Gmail အကောင့် အခိုးမခံရအောင် ကာကွယ်နည်း

Gmail ကိုလုံခြုံရေးအတွက် 2-Step ခံနည်းလေးကိုတင်ပေးလိုက်ပါတယ်။
သင်အသုံးပြုနေတဲ့ Gmail ကို Hack ခံထိသွားပါက Gmail နှင့်ပြုလုပ်တဲ့ Account တွေအကုန်လုံးဆုံးရှုံးစေမှာအမှန်ဘဲဖြစ်ပါတယ်။ ဒါကြောင့်အင်တာနတ်အသုံးပြုသူတွေအတွက် အရေးကြီးဆုံးအချက်က မိမိသုံးနေတဲ့ Gmail လုံခြုံမူရှိဖို့ ပါဘဲ။
ဒီနည်းလေးကတော့ 2-Step ခံနည်းဆိုတော့ Hacker မှ သင့် Gmail or Password ကိုသိသွားတောင်မှ ၀င်လို့ ရမှာမဟုတ်ပါဘူး Gmail ကိုဝင်လိုက်တာနဲ့  Google  က သင့်
ဖုန်းထဲကိုပို့ လာတဲ့ Code 6 လုံးကိုထည့်ပေးမှသာ Gmail ကိုဝင်ရေက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီတော့အရေးကြီးဆုံးကတော့ Gmail လုံခြုံမူရှိဖို့ ပါဘဲ..
Gmail 2-Step ခံနည်းအဆင့်ဆင့်ကို ScreenShot များဖြင့်လက်တွေ့ ရှင်းပြထားပါတယ်။