Wednesday, 7 March 2018

Website များ Facebook Page များကို ကိုယ်ပိုင် Apk လုပ်နည်း





  • ကျနော်တို့ အနေနဲ့ ဒီ နည်းစနစ်ကိုသုံးပြီး မိမိရဲ့ ကိုယ်ပိုင် Website ကိုသော်လည်းကောင်း၊ ဒါမှမဟုတ် မိမိ ကြည့်ရှုလေ့ရှိတဲ့ Website တွေ၊ ကိုသော်လည်းကောင်း ဖန်တီးထားနိုင်ပါတယ်။




  • ဒီလို ဖန်တီး ဖို့ အတွက် ကျနော်တို့ သုံးချင်တဲ့ Icon တွေ၊ နောက်ခံပုံတွေကို သက်ဆိုင်ရာ Website အလိုက် ၊ Link အလိုက် လိုက်ဖက်ညီအောင် ကြိုတင်ပြီး သက်ဆိုင်ရာဆိုဒ်များမှာ ဒေါင်းယူထားပေါ့ဗျာ
  • ပထမဆုံး ဒီလင့်မှာ ၀င်ရောက်ပြီး Sign Up လုပ်လိုက်ပါ။ ပြီးရင် မိမိ Sign Up လုပ်လိုက်တဲ့ Gmail အကောင့်ကိုဝင်ပြီး Acivation Comfirm လုပ်ပေးလိုက်ရင် ကျနော်တို့ စတင်ပြီး ကိုယ်ပိုင် Android Application တွေ၊ Windows Phone Appliacation တွေကို စတင်ဖန်တီးလို့ရပါပြီ။
  • ကျနော် စမ်းသပ်ကြည့်သလောက်တော့ မိမိတို့ အမြဲလေ့လာကြည့်ရှုလေ့ ရှိတဲ့ Website တွေ၊ Facebook Page တွေကို Application တစ်ခုတည်းမှာပဲ စုစည်းပြီး ဖန်တီးထားလို့လည်း ရပါတယ်။ ကိုယ်တိုင် စမ်းသပ်ရင်းနဲ့ မိမိစိတ်ကြိုက်ဖန်တီးကြည့်လိုက်ပါ။ ကျနော်အနေနဲ့က တော့ ဒီပို့စ်မှာ အညွှန်းသဘောလောက်ပဲ တင်ပြပေးသွားမှာပါ။ Free Android Apk ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Premium ဖန်တီးချင်ရင်လည်း အဆင်ပြေပါတယ်ခင်ဗျား…..
  • အခြား ဖန်တီးလို့ရတဲ့ လင့်လေး ရှိပါသေးတယ်။ ဒီမှာ ၀င်ရောက်ကြည့်လိုက်ပါ။ ကျနော်က တော့ ပထမ လင့်ကိုပဲ သုံးပြီး တင်ပြပေးသွားမှာပါ။အောက်ပါပုံကတော့ ပထမဆုံး လုပ်ဆောင်ပေးရမယ့် မြင်ကွင်းဖြစ်ပါတယ်။Create new ကိုနှိပ်လိုက်ပါ။

  • 1

    Enter Facebook or site ဆိုတဲ့နေရမှာ မိမိနှစ်သက်ရာ Link ကို Copy ယူပြီးထည့်လိုက်ပါ။
    2

    ဒီပုံကတော့ ကျနော် နမူနာ လုပ်ပြပေးထားတာပါ။
    Category မှာ Everyone ကိုပဲရွေးပေးတာ အကောင်းဆုံးပါ။
    3
    အဆင်သင့်ဖြစ်ရင် Go Mobile ဆိုတာ နှိပ်လိုက်ပါက အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ခဏစောင့်လိုက်ပါ။
    4
    ဒါဆိုရင်တော့ ဒီပုံအတိုင်း တွေ့ရပါမယ်။ Untitled ဆိုပြီးတွေ့ရပါမယ်။ ပြန်ပြင်လို့ရပါတယ်။ အရင်ဆုံးလေ့လာကြည့်ပါ။
    5
    အောက်ပါပုံကတော့ Facebook Page ရဲ့ Link ထည့်ပုံဖြစ်ပါတယ်။
     မိမိထည့်ချင်တဲ့ FB Link ကို Copy ယူလိုက်ပြီး မျှားပြထားတဲ့နေရာမှာ Paste လုပ်လိုက်ပါ။ လင့်အပြည့်အစုံက ပုံအတိုင်း ပြောင်းသွားမှာပါ။
    11
    အောက်ပါပုံအတိုင်း ဆက်လုပ်ပါ။ 1.2.3 တွေကတော့ Theme. Background နဲ့ Navigation တွေပါပဲ။ တခုချင်းစီအတွက်မိမိနှစ်သက်ရာရွေးပေးလိုက်ပါ။ Background အတွက် ကိုယ်တိုင် Upload တင်ပြီးလည်း သုံးနိုင်ပါတယ်။
    6
    .............................
    9
    ကျနော်တို့ ပုံ (၅) မှာ တွေ့ရတဲ့ Untitled ဆိုတာ ဒီနေရမှာ ပြင်မှာပါ။ icon နဲ့ Splash Screen ကို မိမိစိတ်ကြိုက် upload တင်ပြီးသုံးနိုင်ပါတယ်။
    7
    အောက်ပါပုံကတော့ Icon နဲ့ Splash Screen ကို ကျနော် Upload လုပ်ပြီး သုံးထားတဲ့ပုံပါ။
    8
    ဒီပုံကတော့ Add more pages ဆိုတဲ့ Tab ထဲကနေ မိမိထည့်သွင်းချင်ရာ Icon ကိုနှိပ်ပြီး နာမည်ပေးလိုက်ပါ။ Additional Page မှာလည်း Custom အနေနဲ့ စိတ်ကြိုက်ထည့်သွင်းလို့လည်း ရပါတယ်။
    12
    ဒီပုံကတော့ နမူနာ Page တွေ၊ Link တွေထည့်ပြပေးထားတဲ့ ပုံပါ။
    13
    မိမိစိတ်ကြိုက် ထည့်သွင်းပြီးသွားရင်တော့ Generate ဆိုတဲ့ Tab ကိုနှိပ်ပေးနိုင်ပါပြီ။
    14
    ဒါဆိုရင်တော့ ကျနော်တို့ apk တစ်ခုကို ဒေါင်းပြီး စမ်းသပ်သုံးစွဲကြည့်လို့ရနိုင်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Download file ကိုနှိပ်ပြီး ဖုန်းပေါ်မှာ သုံးစွဲကြည့်လိုက်ပါ။
    15
    ကျနော်အနေနဲ့ အညွန်းလောက်ပဲ ပြပေးထားတာ ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် စမ်းသပ်ပြီး လုပ်ကြည့်ပါဗျာ…. 
    Credit to Myanmar Play

    Thursday, 1 March 2018

    USB ကိုထိုးလိုက်တာနဲ့ ကွန်ပြူတာမှာ format လုပ်ပါဆိုတဲ့ Box လေးပေါ်လာပြီး USB ကိုသုံးလို့မရတော့တဲ့ပြသနာကို CMD လေးနဲ့ဖြေရှင်းတဲ့နည်းလမ်းလေးပါ။
    ........
    .......
    ........

    USB ထဲကဖိုင်တွေကိုမပြက်စီးစေဘဲပြန်ရနိုင်ရန် ကျိုးစားခြင်းဖြစ်ပါတယ် ရာနှုန်းပြည့်အာမခံခြင်းတော့မဟုတ်ပါ
    ဒါပေမယ့် များသောအားဖြင့်ဒီနည်းလေးနဲ့အဆင်ပြေပါတယ်။

    သင်အဆင်သင့်ဖြစ်ပြီလား ဖြစ်ရင်စကြမယ်
    သင့်ကွန်ပြူတာ က window ဘယ်လောက်လဲ version ကိုပြောတာပါ 7 or 8 or 8.1 or 10?
    သင့် USB ကို ကွန်ပြူတာနဲ့ချိတ်ဆက်ထားပါ ပြီးရင် USB device ရဲ့ စာလုံးကို မှတ်ထားပါ ဥပမာ ကွန်ပြူတာအများစုမှာ C:   D:   DVD RW drive E တို့ရှိနေကြပါ USB တပ်လိုက်ရင် F လို့ပေါ်မှာပါ ဒါပေမယ့်မတူ တတ်ဘူး ဒါကြောင့် USB ရဲ့စာလုံးကိုမှတ်ထားဖို့လိုပါတယ် F:  G:  H: စသဖြင့်ပေါ်နေတာတခုခုပေါ့ ပုံမှာပြထားတာကတော့ F ဖြစ်ပါတယ်
    ပြီးရင် CMD ကို administrator နဲ့ဖွင့်ရမှာဖြစ်တဲ့အတွက် သင့် window ပေါ်မူတည်ပြီး သွားရမည့်နည်းလမ်းနည်းနည်းကွာမှာပါ (ပုံ တွေကိုကြည့်ပေးပါ)

    Window 7 ဆိုရင် အောက်ဖက် ဘယ်ဖက်ထောင့်မှာရှိတဲ့ နံပါတ် 1 လို့ ပြထားတဲ့ start ကိုနှိပ်ပြီး နံပါတ်၂ လို့ပြထားတဲ့ search box မှာ command လို့ရိုက်လိုက်ရင်နံပါတ် ၃ ပြထားတဲ့နေရာမှာ command prompt လို့ပေါ်လာရင် အဲ့ဒီအပေါ်မှာ R click နှိပ်ပြီး နံပါတ် ၄ လို့ပြထားတဲ့ Run as administrator ကိုနှိပ်လိုက်ရင်  အတည်ပြုချက်ပေါ်လာပါမယ် yes ကိုနှိပ်ပါ ပြီးရင် တော့ CMD box ရလာပါမယ်။ (တချို့မှာအတည်ပြုချက်မတောင်းပါ)
    Window 8, 8.1 တို့ဆိုရင်တော့ ကွန်ပြူ စခရင် ညာဖက်အပေါ်ထောင့်ကို မောက်လေးရွှေ့လိုက်ရင် search ဆိုပြီးမှန်ဘီလူးပုံလေးပေါ်လာမယ် အဲ့ဒါကိုနှိပ်လိုက်ရင် စာရေးဖို့ box လေးပေါ်လာမယ် ဒါဆိုရင် ခုန window 7 မှာပြောသလို ဆို နံပါတ် ၂ ကစလိုက်ရင်ရပါတယ် ၂ ၃ ၄ ပေါ့ ဒါဆိုရပါမယ် အတည်ပြုချက်ပေါ်လာပါမယ် yes ကိုနှိပ်ပါ
    Window 10 ဆိုရင်တော့ ကွန်ပြူတာစခရင် ဘယ်ဖက်အောက်လေးမှာမှန်ဘီလူးပုံလေးကိုနှိပ်လိုက်ရင်ရပါတယ် ပြီးရင်တော့ နံပါတ် ၂ ၃ ၄ ကိုဆက်သွားပေါ့ window 7 ကလို အတည်ပြုချက်ပေါ်လာပါမယ် yes ကိုနှိပ်ပါ
    အမှန်တော့ဒါတွေက မသိတဲ့သူတွေအတွက်ပါ သိတဲ့သူတွေကတော့ လွယ်ပါတယ် ကျော်သွားလို့ရပါတယ်။

    အခုကျွန်တော်တို့ CMD မှာ စရေးလိုက်ရအောင်
    ပုံမှာပြထားပါတယ် CMD box ကို အဲ့မှာမှိတ်တုတ်မှိတ်တုတ်ပေါ်နေတဲ့နေရာမှာ    ပုံမှာပြထားသလို
    chkdsk F: /f  လို့ရိုက်ထည့်ပါ ပြီးရင် enter ခေါက်ပါ
    သူပြင်ဆင်ပေးတာကိုစောင့်ပေးပါပြီးရင် သုံးလို့ရကြောင်းကို ပြောပါလိမ့်မယ်
    f  ရဲ့ ဓိပ္ပါယ်ကတော့ error တွေကိုရှင်းပေးတာပါ ဒါကိုအရင်စမ်းကြည့်ပါ မရရင်တော့ အောက်ကပုံစံနဲ့ဆက်သွားကြည့်ပါ

    chkdsk F: /r လို့ရိုက်ထည့်ပါ enter ခေါက်ပါ သူပြင်ဆင်ပေးတာကိုစောင့်ပေးပါပြီးရင် သုံးလို့ရကြောင်းကို ပြောပါလိမ့်မယ်
    r  ရဲ့ အဓိပ္ပါယ်ကတော့ recovery လို့ဆိုပါတယ် USB ထဲကဖိုင်တွေကို recovery လုပ်ပေးတာပါ ဖိုင်များရင်များသလောက်အချိန်ပေးရပါတယ် ကျွန်တော့် Hard disk ပျက်တုန်းကဆိုရင် ၅၀၀ ဂျီကာဘိုက်ကို ၄ နာရီလောက်စောင့်လိုက်ရပါတယ်

    ဒီလိုလေးနဲ့တော်တော်များများအဆင်ပြေပါတယ် နည်းပညာဆိုတော့လည်းပြောရခက်ပါတယ်
    ဒါပေမယ့်အဆင်ပြေကြပါစေဗျာ

    Crd....org

    Setting Language မြန်မာစာထည့်နည်း





    မင်္ဂလာပါ..samsung 4.2.2 ကနေ 4.4.4 အထိ ကျတော် စမ်းဘူးတဲ့(ဖုန်းတခုလုံး) မြန်မာ Lanuage ထည့်နည်းလေး ပါ။root ဖောက်ပီး မြန်မာ စာအရင်ထည့်ထားမှ Language မှာ မြန်မာ လို ...့ပေါ်မှာပါ.Burmese လို့ လဲပေါ်ပါတယ်.root လိုပါတယ်..တချို့ ဖုန်းတွေက mmaio pro ထည့်တာနဲ့  Language မှာ မြန်မာ တခါတည်းဝင်ပေမယ့် တချို့  မ၀င်ပါဘူး...သူ့ရဲ့  သဘောတရားက International Language ပိတ်ထား တာကိုဖျတ်ထုက်လိုက်တော့ အပြည်ပြည်ဆိုင်ရာ Language တွေပေါ်လာတဲ့သဘောပါ...Root Broswer apk လေးဒေါင်းပီး စမ်းကြည့်ပါ..

                           Credit > စိုင်းလင်းဇော်
    Xiaomi phone ကိုင်တဲ့ bro တွေအတွက် Themes ပြင်နည်းလေးပါ
    ဖုန်းတိုင် ဘတ်ထရီ အကုန်ပြင်လို့ရပါတယ်
    ပထမဆုံး apk လေးကို ဒေါင်းလိုက်ပါ
    https://m.apkpure.com/miui-theme-editor/com.mixapplications.miuithemeeditor
    apkကိုဖွင့်ပီး ပုံပါအတိုင်းနိုပ်လိုက်ပါ
    TMPDOODLE1505397577960.jpg
    ကြိုက်ရာ Themes ကိုရွှေးလိုက်ပါ
    TMPDOODLE1505397632505.jpg
    Themes ရွှေးပီးရင် Start ကိုနိုပ်ပါ
    TMPDOODLE1505397684120.jpg
    ခနစောင့်ပါ
    TMPDOODLE1505397732403.jpg
    မိမိနှစ်သက်ရာကစပြင်ပါ ကျွန်တော်ကတော့ ဒီကစပြင်ပြမယ်
    TMPDOODLE1505397781724.jpg
    Currentကိုနိုပ်လိုက်ပါ
    ![TMPDOODLE1505397862611.jpg](
    ကြိုက်ရာပုံစံလေးတွေ ရွှေးလိုက်ပါ
    TMPDOODLE1505397930127.jpg
    ဖုန်းတိုင်ကို ရွှေးမယ် Current ကိုနိုပ်
    TMPDOODLE1505397987321.jpg
    ပီးရင် wifi ကိုလဲဒီအတိုင်းပဲ ရွှေး
    TMPDOODLE1505398048187.jpg
    အကုန်ရွှေးလို့ပီးရင် Done ကိုနိုပ်
    TMPDOODLE1505398127685.jpg
    ဒီလိုပေါ်လာရင် ကြိုက်ရာပြင် ကျွန်တော်ကတော့ wallpaper ပြင်ပြမယ်
    TMPDOODLE1505398186487.jpg
    မိမိထည့်ချင်တဲ့ ပုံကိုသွား ရွှေး
    TMPDOODLE1505398271065.jpg
    ပုံပေါ်လာရင် Done နိုပ်
    TMPDOODLE1505398372783.jpg
    Lockscreen ပြင်မယ်
    TMPDOODLE1505398427557.jpg
    Browser ကိုနိုပ်
    TMPDOODLE1505398493558.jpg
    Done နိုပ်
    TMPDOODLE1505398532766.jpg
    ကျွန်တော်ကတော့ ဒီလောက်ပဲ ပြင်ပြမယ်
    ကျန်တာလုပ်နိုင်ရင် လုပ်နိုင်သလောက် အလန်းဆင်နိုင်ပါတယ်
    TMPDOODLE1505398608539.jpg
    File Name ပေး
    TMPDOODLE1505398703545.jpg
    ပုံပါအတိုင်း နိုပ်
    TMPDOODLE1505398762729.jpg
    ခနလောက်စောင့်လိုက်ပါ
    TMPDOODLE1505398805246.jpg
    ဒါက Themes ကို Save တာ
    TMPDOODLE1505398846405.jpg
    ဒါက Themes manager ထဲပို့လိုက်တာ
    Screenshot_2017-09-12-21-30-03-243_com.mixapplications.miuithemeeditor-picsay.jpg
    Themes ထဲ သွားကြည့်ပါ
    Screenshot_2017-09-12-21-31-41-078_com.android.thememanager-picsay.jpg
    Apply နိုပ်လိုက်ပါ Not now နိုပ်
    TMPDOODLE1505398988629.jpg
    မိမိပြင်ထားတဲ့ Themes လေးရပါပီ
    TMPDOODLE1505399030085.jpg
    အမှားပါရင် ခွင့်လွတ်ပါ
    အဆင်ပြေကြပါစေ
    Writing by @kyawmyoaung
    Photo by @kyawmyoaung

    Monday, 26 February 2018

    Website တွေ စုစည်းပြီး Android Application ရေးနည်း



    မင်္ဂလာပါဗျာ ဒီနေ့ ရေးဖြစ်တဲ့ စာအုပ်လေး အွန်လိုင်းမှာ ကိုယ်ကြိုက်တဲ့ Website လေးတွေကို စုစည်းပြီး Android
    Application ရေးတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်ဗျာ။

    Application ရေးနည်း စာအုပ်ဆိုလို့ ကျွန်တော်ကို အထင် မကြီးပါနဲ့အုန်း Online မှာFree ပေးထားတဲ့ ဆိုဒ်တခုက
    နေ လုပ်တဲ့ နည်းလမ်းလေး ကို ပြန်လည် ဝေမျှ မှာပါ။

    ကဲ ... အဆင်သင့် ဖြစ်ပြီလား အဆင်သင့် ဖြစ်ရင် ကျွန်တော်နဲ့ အတူ လိုက်ရေး ကြည့်ပါ။

    ပထမဆုံး Www.appyet.com ကိုသွားလိုက်ပါ။

    အဲ့ဆိုဒ်မှာ အကောင့် တခုဖွင့်ဘို့တော့ လိုပါတယ်။ ကဲ အကောင့်ဖွင့်ဘို့တော့ မပြောပေးတော့ ဘူးနော်။



    အကောင့် ဖွင့်ပြီးပြီဆို စမယ်နော်

    Www.appyet.comမှာ Sign in ဝင်လိုက်ပါ။


    Appကိုနှိပ်လိုက်ပါ။ ပြီးရင် App ရဲ့ အမည်ကို ပေးလိုက်ပါ။ မြန်မာလိုပေးလဲ ရပါတယ်။ App Name အမည်ပေး
    ပြီးရင် Package Name မှာက အင်္ဂလိပ်လိုပေးပါ စာလုံး ဆက်ရေး ရပါမယ် ခြားပြီးရေးလို့ မရပါဘူး Template:
    မှာ ဒီအတိုင်းဘဲ ထားလိုက်ပါ ကျော်သွား လိုက်ပါ။ Create App နှိပ် လိုက်ပါ အောက်မှာ နမူနာ ပုံကြည့်ပါ။



    ပြီးရင် နောက်တဆင့်က Details ကိုနှိပ်ပါ။ နောက်တမျက်နှာ ပေါ်လာရင် မိမိ App ရဲ့ Icon ကို ပြောင်းလို့ ရ
    ပါတယ် Icon ကတော့ ကိုယ်ဘာသာကိုယ် စိတ်ကြိုက်ဆွဲပါ Icon ဆွဲတဲ့ နေရာမှာ ဆိုဒ် အရမ်းကြီး မကြီးပါ
    စေနဲ 700×700 pixels လောက်ဆို အတော်ပါဘဲ။



    ပြောင်းပြီးပြီ ဆိုရင်တော့ နောက်တဆင့် သွားပါမယ် Mudules Tab ကို သွားပါမယ် အဲ့မှာပြင်ဆင် စရာလေး
    တွေ ပြင်ဆင်ရမှာပါ ဥပမာ။ ။ နည်းပညာဆိုဒ် / ဗွီဒီယိုဆိုဒ် / စာအုပ်စာပေ / စသဖြင့် ကိုယ် စိတ်တိုင်းကျ
    သာပြင်ရေး ပေတော့ ကျွန်တော်ရေး ထားတဲ့ ပုံစံလေးကို ကြည့်ပြီး လိုက်ရေးပေါ့ အုပ်စု တွေလည်း ခွဲလို့ရ
    တာပေါ့ သူအုပ်စုနဲ့သူ...

    အောက်မှာ နမူနာပုံစံလေး ပြထားပါတယ်။




    ပြီးရင်တော့ ကိုယ်ထည့်ချင်တဲ့ ဆိုဒ်တွေကို Feed (RSS/Atom) ကိုနှိပ်ပြီး ထည့်ရုံဘဲ ဒီနေရာမှာ တခုဖြည့်
    စွက်ပြောလိုတာက တချို့ ဆိုဒ်တွေက Feed Post တွေ ယူလို့ မရတာတွေ ရှိပါတယ် အဲ့ဒါမျိုးတွေ မဖြစ်ရ
    အောင် ကျွန်တော်ပြောတဲ့ နည်းလမ်းလေးနဲ့ လုပ်ပါ တော်ကြာ ဆိုဒ်တွေ လင့်တွေထည့်ပြီးမှ APP ထဲမှာ
    မပေါ်ဘူးလို့ လာမပြောနဲ့ ဟီး... ကျွန်တော်တုန်းက အဲ့လိုကြုံဘူးလို့ ထည့်ပြောပေးတာပါ။

    Feed ပို့တွေ ယူလို့ ရမရ ကိုယ်ထည့်မဲ့ ဆိုဒ်ထဲကိုသွား ပြီးရင် နမူနာပုံနှင့် တကွပြပေး ထားပါတယ်။




    ကဲ အဲ့လောက်ဆို ကိုယ့်စိတ်ကြိုက် Website တွေ ထည့်လို့ ရပြီပေါ့




    ကဲ နောက်တဆင့်က ကျေးဇူးတင်စကား (သို့) အသုံးပြုနည်းလေးပါ ထည့်ရေးလို့ရ ပါသေးတယ် လုပ်နည်း
    ကအောက်မှာ ပုံလေးနဲ့ ပြထားပေးပါတယ်
    စာရေးတဲ့ နေရာမှာ သတိထားရမှာက Html နဲ့ ရေးပြီး ကူးယူလာပါ အဲ့ဒါမှ Appမှာ ပေါ်မှာပါ ဆက်ကြည့်
    လိုက်ပါအုံး။





    ကဲအားလုံး ပြီးပြီ ဆိုရင်တော့ App လေးကို သိမ်းရအောင်

    ပြီးမှ ဆိုဒ်ပေါ် တင်ချင်လည်းတင် ကိုယ့် သူငယ်ချင်းတွေကို ပေးချင်လည်းပေး အဲ့ဒါက တားတားနဲ့ ဆိုင်ဘူး.......



    အဲလို သိမ်းပြီးတာနဲ့ ကိုယ့် အီးမေးလ်ထဲ Www.appyat.com ကမေးပို့တဲ့ အထဲမှာ Appလေး ရောက်လာပြီပေါ့။

    ကဲ Website လေးတွေ ရေးနည်း လေးကတော့ ဒီမှာဘဲ အဆုံးသတ်ပါပြီ အားလုံးဘဲ ရွင်လန်းချမ်းမြေ့ ပါစေဗျာ

    နောက်လဲ လေ့လာမိသမျှ ပြန်လည်မျှဝေပေးသွားပါမယ်ဗျာ

    ဟန်မိုးလွင်(အိမ်လွမ်းသူ)

    www.hanmoelwin3387.blogsport.com

    www.hanmoelwin.co.vu

    www.mmmusiconlinecazy.blogspot.com


    1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
    2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
    3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
    4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
    5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
    6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
    7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
    8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။


    Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Website တွေ စုစည်းပြီး Android Application ရေးနည်း