MTK charger......
MTK ဖုန်းတော်တော်များများမှာ ဒီလိုပုံစံမျိုးနဲ့ပဲ အားသွင်းစနစ်ကိုတည်ဆောက်ထားကြပါတယ်...
* USB ဂေါင်းက လာတဲ့ 5 Volt က လမ်းကြောင်းသုံးခု ခွဲပီး ထွက်သွားပါတယ် .....
1 . R906 လေးရဲ့ ထိပ်ကို 5 Volt ရယ် ....( အဲ့ 5 Volt က အဲ့ R လေးရဲ့ ထိပ်တဖက်ထဲကိုပဲဝင်တာပါ )
2 . Q901 လို့ခေါ်တဲ့ ခြေတောက်သုံးချောင်းထောက် FET လေးကို ဝင်မယ့် R 908 လေးရဲ့ ထိပ်တစ်ဖက်ရယ် ...( အဲ့ 5Volt ကလဲ အဲ့ R လေးရဲ့ ထိပ်တဖက်ထဲကိုဝင်တာပါပဲ
3 . Q302 လို့ခေါ်တဲ့ ခြေတောက် 6 ချောင်းထောက် IC လေးရဲ့ pin နံပက် 4 ရယ် တို့ကို 5 Volt အသီးသီးဝင်သွားကြပါတယ် ...
အဲ့အခြေအနေက ဖုန်းကို အားသွင်းကြိုးထိုးပီး တိုင်းတဲ့အခြေအနေပါ......ဖုန်းပျက်ရင် စက်ပလိုင်းနဲ့ပဲ တန်းတန်းချိတ်နေကြလို့ မှားမှာ စိုးလို့ပါ .......USB ဂေါင်းမကောင်းရင်တော့ အဲ့ volt လေးတွေ မရောက်ဘူးပေါ့ဗျာ ဂေါင်းလေးတော့ ကွကိုလဲ ကြပေါ့....
အဲ့အခြေအနေ ရောက်သွားပီ ဆိုတာနဲ့ ........
USB ဂေါင်းကလာတဲ့ 5 Volt ဟာ ခုန ( 1 ) မှာပြောခဲ့တဲ့ R906 လေးရဲ့ ထိပ်မှာ ဝင်ပီး ဖင်ဘက် အထွက်မှာ R907 ဆိုတဲ့ R လေးနဲ့ ground ချပီး 0.5 Volt ဝန်းကျင်လောက်ထွက်ပါတယ် .......
USB ဂေါင်းကလာတဲ့ 5 Volt ဟာ ခုန ( 1 ) မှာပြောခဲ့တဲ့ R906 လေးရဲ့ ထိပ်မှာ ဝင်ပီး ဖင်ဘက် အထွက်မှာ R907 ဆိုတဲ့ R လေးနဲ့ ground ချပီး 0.5 Volt ဝန်းကျင်လောက်ထွက်ပါတယ် .......
5 Volt ကြီးမဟုပ်ဘူးနော် သူ့ နောက်က R907 လေး ground ချမှ ထွက်လာတဲ့ Volt က 0.5 Volt ဝန်းကျင်ပါ .........
အဲ့ 0.5 Volt လေးက.....ဟိုမှာ အားသွင်းဂေါင်းကြီးလာထိုးနေပါပီ လို့ Power IC ကို ကြောက်အားလန့်အား ပြေး အကြောင်းကြားရတဲ့ Volt လေးပါ ......
အဲ့အချိန်မှာ Power IC က ဒူး တနန့် နန် နဲ့ ဒင်းလာထိုးပီပဲ ငါလဲ လုပ်စရာ ရှိတာ လုပ်ပေးမှ ဆိုပီ ........CHR LDO လို့ခေါ်တဲ့ လမ်းကြောင်းကနေ 2.7 Volt ကို Q901 ဆိုတဲ့ ချေသုံးချောင်း FET လေးရဲ့ Gate ငုတ်ကိုဝင်ပီး ဖွင့်ပေးလိုက်ပါတယ် .....
အဲ့အခြေအနေမှာ power IC ဂယောင်ချောက်ခြား ဖြစ်နေမယ် ဆိုရင် ဆိုရင် 2.7 Volt ကို ချေသုံးချောင်း FET လေးကို ပြန်မထုပ်ပေးဘဲ ဘောက်ချီး Volt တေ ရောက်နေပါလိမ့်မယ် ...Power IC ဖြုတ်ထားရင်လဲ အဲ့လိုမျိုးပါပဲ .Power IC ကောင်းမှ ထွက်မဲ့ Volt ပါ 2.7 Volt က
အဲ့အခြေအနေမှာ အဲ့ FET လေးကောင်းနေမယ် ဆိုရင် FET လေးနဲ့ S ငုတ်ကနေ 2.1 Volt ဝန်းကျင်ထွက်ပီး VDRV လို့ခေါ်တဲ့ လမ်းကြောင်းနဲ့ Power IC ထဲကို ပြန်ဝင်သွားပါတယ် ...
အဲ့အဆင့်ထိ ကောင်းနေပီ ဆိုရင် .....အဲ့ ခြေသုံးချောင်း Q901 FET လေးရဲ့ .
* G ငုတ်မှာ 2.7 Volt
* S ငုတ်မှာ 2.1 Volt
* D ငုတ်မှာ 4.4 Volt လေးတွေ ထွက်နေကြပါလိမ့်မယ်..
အဲ့ဒီ D ငုတ်ဟာ နောက်တဆင့်ပြောမယ့် Q302 လို့ခေါ်တဲ့ ခြေတောက် 6 ချောင်း IC လေးရဲ့ pin နံပက် 3 နဲ့ အဆက်အသွယ်ရှိပါတယ် .....အဲ့တော့ FET လေးရဲ့ D ငုတ်မှာ 4.4 Volt ဆိုရင်
ခြေခြောက်ချောင်း IC လေးရဲ့ Pin နံပက် 3 မှာလဲ 4.4 Volt ပေါ့
ဟုပ်ဖူးလား.......အဆက်အသွယ်ရှိနေမှ တော့ ဒီ volt က ဒီရောက်ပီပေါ့ .....

နောက်ဆုံးလမ်းကြောင်း ဖြစ်တဲ့ 5Volt ဟာ Q302 လို့ခေါ်တဲ့ ခြေခြောက်ချောင်း IC လေးရဲ့ Pin နံပက် 4 ကို 5 Volt ဝင်မယ်...
နောက်ပီး Pin နံပက် 4 မှာ 4.4 Volt ရှိနေမယ် ဆိုရင် ...
ခုပြောနေတဲ့ ခြေ 6 ချောင်း IC လေးလဲ ကောင်းနေမယ် ဆိုရင်
Pin နံပက် 1 2 5 6 ကနေပီး 4.1 Volt အနေနဲ့ ထွက်ပီး ....
Power Ic ကို ISENSE ဆိုတဲ့တလိုင်း....အဲ့ဒီ ISENSE လိုင်းဝင်တာကိုတော့ ဝှိုက်ဘုပ်ကပုံမှာ မပါပါဘူးကွကိုဖြည့်ကြည့်လိုက်ကြပါ

နောက်တစ်လိုင်းက R200 ကိုဖြတ်ပီး battery + ငုတ်ကို ဝင်သွားပါတော့တယ် ...
အဲ့တော့ ကျမ ဖုန်းလေး အားဝမင်ဘူး ဟုပ်ပီ ......
USB ဂေါင်းကောင်းလာ မကောင်းလား စစ်မယ် USB ဂေါင်း ကောင်းမကောင်းစစ်ရင်လဲ အားသွင်းကြိုထိုးပီး ပလော့တံကြီးနဲ့ ဂါင်းက pin တေကိုထိုးမစစ်ပါနဲ့ သူနဲ့ connection ရှိတဲ့ C လေးတေ Diod လေးတေ ထိပ်မှာ တိုင်းကြည့်ပါ...

ဟိုဂေါင်းအောက်လဲ ထိုးပီးစစ်ရော 5Volt pin ကိုထိုးရင်းနဲ့ ဘေးနာက D- D+ တေကိုချော်ပီး ပူထိုးမိပါလေရော အဲ့တော့ UPU ကိုသွားတဲ့ D- D+တေ ကို 5Volt ကြီး နင်းကန်ဆောင့်ထိုးသလိုလဲ ဖြစ်ရော CPU ပါ ဂန့်သွားရော ..
.ကို့ဆီလာပြတာ အားမဝင်တာ ကိုဆော်တာ ပါဝါပါ သေသွားပါလေရော ......အဲ့လိုဖြစ်မှာ စိုးလို့ပါ....
USB ဂေါင်းကောင်းပီ .....USB ဂေါင်းက ထွက်ပေးထဲ့ 3 လိုင်းရောက် လား......???
ဟုပ်ပီ ရောက်နေပီ သွားအကြောင်းကြားတဲ့ လို်င်းရော အကြောင်းကြားရဲ့လား.........???
အကြောင်းကြားလိုက်လို့ သူ့ကရော အသိအမှတ်ပြုပီး Volt ထုပ်ပေးရဲ့လား........???
IC လေးတေ FET လေးတေရော ကောင်းရဲ့လား ........??????
Volt တေရော မှန်နေရဲ့လား ....????
ဖြုတ်မယ် လဲမယ် စစ်မယ် မရောက်ရင် ကျော်မယ် ခွမယ် လုပ်ကြပေါ့.......
ပြောရင်းနဲ့ ကျနော့်ဖာသာတောင် ရှုပ်နေပီ .....
အောက်က ပုံလေးတေနက် တိုက်ကြည့်ပေါ့ဗျာ တခါ မရှင်း ၂ ခါတော့ ရှင်းသွားမာပါ....
အောက်က ပုံလေးတေနက် တိုက်ကြည့်ပေါ့ဗျာ တခါ မရှင်း ၂ ခါတော့ ရှင်းသွားမာပါ....
2016 ရဲ့နောက်ဆုံး နေ့ နံနက်ခင်းမှာ ဒီ post လေးနဲ့ နုတ်ဆက်လိုက်ပီ
ဒိုးလိုက်တော့ MTK charger ရေ......
ဒိုးလိုက်တော့ MTK charger ရေ......
2017 ရဲ့ အစမှာလဲ Error ပေါင်းစုံရှင်းနိုင်ကြပီး မရော်ရပါစေနဲ့ဗျာ .......
အားလုံးအဆင်ပြေကြပါစေဗျာ
နက်ဖန်စတင်မဲ့ နှစ်သစ်မှာ ပျော်ရွင်ကြပါစေ.....
လုအပ်တာများရှိရင်လဲ ကျနော့ အားနည်းချက်ကြောင့်ပါ...
Credits
No comments:
Post a Comment