မြန်မာ Website များ စုစည်းမှု Android Application စတင် ဖြန့်ချိ
ကဏ္ဍအလိုက် ခွဲခြားကာ စုစည်းထားသည့် မြန်မာ Website များ စုစည်းမှု Application ကို C4E Group မှ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။
မြန်မာဘာသာဖြင့် ဖော်ပြပေးသော ပြည်တွင်း၊ ပြည်ပ Website (500) ကျော်ခန့် ထည့်သွင်းဖော်ပြထားပြီး အသစ်ထွက်ရှိလာသည့် Website
များကို အမြဲတမ်း up-to date website များ နေ့စဉ် ပေးပို့သွားမည်ဖြစ်သည်။ ၄င်း Application ကို အသုံးပြုခြင်းအားဖြင့် လိပ်စာအသစ်များကို
ချက်ချင်းသိရှိနိုင်သည်။
ထို့အပြင် Application My Favorite Feature ကို ထည့်သွင်းထားပြီး မိမိကြိုက်နှစ်သက်ရာ Website များအား Favorite Icon ကို
နှိပ်ကာ မှတ်သားနိုင်မည်ဖြစ်သည်။ Website များရှာဖွေရာတွင်လည်း လွယ်ကူစေရန်အတွက် Search Feature ကိုလည်း ထည့်သွင်းပေးထားသည်။
မြန်မာဘာသာဖြင့် ဖော်ပြထာသည့် Website လွှင့်တင်သူများ၊ Facebook Page Admin များအနေဖြင့်လည်း မိမိတို့၏ Website လိပ်စာများကို
Application တွင် ထည့်သွင်းလိုပါက Google App(http://goo.gl/4ue5k) ၌ form ဖြည့်ပြီးပေးပို့နိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
လည်း မိမိတို့၏ Product များ၊ ၀န်ဆောင်မှုများကို ကြော်ငြာထည့်သွင်းနိုင်သည်။ Website အသစ်လွှင့်တင်သူများ အတွက်လည်း ၄င်းတို့ Website
များကို အချိန်တိုအတွင်း လူသိများစေရန် အထူးဈေးနှုန်းဖြင့် ထည့်သွင်းကြော်ငြာနိုင်မည်ဖြစ်သည်။
အဆိုပါ Android application ကို Google Play Store (http://goo.gl/319Yu) တွင် Download ရယူနိုင်သည့်အပြင် Myanmar
Mobile Application Store (http://www.myanmarmobileapp.com) ၌လည်း download ရယူနိုင်ပါသည်။ ယခုမှအင်တာနက်စတင်အသုံး
ပြုသူများအတွက် အထူးသင့်လျော်သည့် application တစ်ခုဖြစ်ကြောင်းသိရှိရသည်။
Credit : NetGuide Journal
Android OS ကို အသုံးပြုထားသော Phone များနှင့် Tablet များအတွက် Website လိပ်စာများနှင့် Facebook Page လိပ်စာများကို
No comments:
Post a Comment