Android App ထဲတွင်ရှိသော folder တွေရဲ့ လုပ်ဆောင်ချက်များ
ပထမဆုံးအနေဖြင့် My Files(or)File Manager ထဲသို့ ဝင်ပါ။ ပြီးရင် SD Card >>>AppProjects ထဲသို့ဝင်ပါ။ AIDE Apk run ထားသော MyApp ရှိပါမယ်။MyApp ထဲက အရေးကြီးတဲ့ ဖိုင် အကြောင်းတွေကို အနည်းငယ်ရှင်းပြပါမယ်။
1.bin
bin ဖိုင်ထဲတွင် ကိုယ်တိုင်ဖန်တီးထားသော apk တခုရှိပါမယ်။
2.res
resဖိုင်ထဲတွင် Layout ဖိုင်ပါမယ်။Layout ဖိုင်က apk တခုရဲ့ မျက်နှာပြင် ဒီဇိုင်းနှင့်ပတ်သတ်တာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါသည်။
3.scr
Scr ဖိုင်ကတော့ Android App ရေးရာတွင် အသုံးပြုတဲ့ Java Coding တွေ ထည့်သွင်းရမှာ ဖြစ်ပါသည်။
4.AndroidManifest.xml
AndroidManifest.xml ဖိုင်ထဲတွင် Android App ရဲ့ version နှင့် permission code တွင် ပါဝင်ပါသည်။
Android Apk ဖန်တီးရာတွင် အသုံးပြုရသော ဖိုင်အကြောင်း တွေကို AIDE Apk တွေ ပုံနှင့်တကွ ရှင်းပြပေးပါမယ်။
အရင်ဆုံး AIDE Apk ကိုဝင်ပါ။
Android Application ထဲမှာ ပါဝင်သော folder တွေရဲ့ အကြောင်းကို ရှင်းပြသွားတာပါ။ အမှားအယွင်းများပါရင် ဝေဖန်ထောက်ပြ အကြုံပြုနိုင်ပါတယ်။
ရေးသားသူ =ဇေယျာလင်း
No comments:
Post a Comment