Monday, 9 October 2017

Website, Blog များကို offline မှာ ဖတ်လို့ ရအောင် Andorid APK အလွယ် လုပ်နည်း

ကျနော် ဒီပို့စ် မှာ Android Application နှင့် ပတ် သက် ပြီး မည် သည့် Coding တွေ ကိုမှ မသုံး ဘဲ၊ သုံးရန် မလို အပ် သော Application ရေး သား ပုံ၊ ရေးသား နည်း ကို တင်ပြ ပေး သွား မှာပါ။ အခု တင်ပြ ပေး မယ့် နည်း စနစ် ကတော့ Online / Offline ဖတ် ရှု လို့ ရ ပါ တယ်။

ဒီနည်း စနစ် လိုပဲ အခြား သော Android Application ရေး သား နိုင်တဲ့ Link များစွာ လည်း ရှိပါ သေး တယ်။ ကျနော် အခါ အား လျော် စွာ Facebook Wall မှာ Share ပေး လေ့ ရှိ ပါတယ်။ အခု တင်ပြ တဲ့ နည်း စနစ် ကတော့ အလွန် ကို လွယ် ကူ ရိုးစင်း ပြီး ဖန်တီး ရတာ ပျော် စရာ လည်း ကောင်း လို့ တင်ပြ ပေး လိုက် တာပါ။

တစ်ခု တော့ နား လည် ပေးစေ ချင် တာ က ဒီပို့စ် က Pro တွေ အ တွက် ရည်ရွယ် ရေးသား တင်ပြ ပေးခြင်း မဟုတ် ပါ။ အပျော် တမ်း Android apk များ ဖန်တီး ချင်သူ Beginner များ အတွက် သာ ရည် ရွယ် ပါ တယ် ခင်ဗျာ။

ကျနော် တို့ အနေ နဲ့ ပထမ ဆုံး Android application အဖြစ် ဖန်တီး ချင်တဲ့ ဆိုဒ် သို့ မဟုတ် Facebook Page၊ Facebook Group တို့ ၏ သက် ဆိုင် ရာ LOGO ကို အရင် ဆုံး ကြိုတင် ပြီး ထုတ် ထား လိုက်ရင် တော့ ပို အဆင်ပြေ တာပေါ့ ခင်ဗျာ။ ကျနော် နမူနာ အနေ ဖြင့် http://buddhis
mbeams.blogspot.com ကို Android Apk ဖန်တီးပြ ပါမယ်။

အောက်ပါ ပုံမှာ ပြထား သလို ဆိုဒ် ရဲ့ Rss Feed or Atom Feed ကို ယူ ပါမယ်။ ပုံမှာ ပြ ထား သည့် အတိုင်း နှိပ် လိုက်ပါ။ (1) ဆိုတဲ့ နေ ရာ ကို အ ရင် ဆုံး နှိပ် လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာ ကို နှိပ် လိုက်ပါ။

အောက်ပါ ပုံ အတိုင်း တွေ့ရ ပါမယ်။ ပုံမှာ ပြထား သလို ကျနော် တို့ အနေနဲ့ Atom Feed ကိုပဲ ယူယူ၊ Rss Feed ကိုပဲ ယူယူ အဆင်ပြေ ပါတယ်။ Click လိုက် ပါက Browser နဲ့ ပွင့်သွား ပါမယ်။

အောက်ပါ ပုံ အတိုင်း တွေ့ရ ပါမယ်။ အဲဒီ Feed လင့်ကို Copy ယူ လိုက်ပါ။

ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။

Sign Up လုပ် ပြီး ပါက အောက်ပါ ပုံ အတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်း ရောက်သွား ပါမယ်။ ပုံမှာ ပြ ထား သလို မိမိ ရေး သား သော Application နှင့် သက်ဆိုင်ရာ များကို ဖြည့်ပါ။ အထက်မှာ Copy ယူ ခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံး ခု မြောက် မျှား နေရာ မှာ ထည့်သွင်း ပေးလိုက်ပါ။ ထို့နောက် Create App ကို နှိပ်လိုက်ပါ။

ပုံမှာ မြင် ရ သလို တွေ့မြင် ရပါမယ်။

Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကို ထည့်သွင်း ပေးလိုက်ပါ။ ထို့နောက် Save Changes ကို နှိပ် လိုက်ပါ။

Icon ကို ထည့်သွင်း ပြီး ပါက အောက်ပါ အတိုင်း တွေ့မြင် ရပါမယ်။ ထို့နောက် Save Changes ကို နှိပ် လိုက်ပါ။ ပြီးရင် Menu > Tabs ကို သွားပါ။

ပုံမှာ မျှား ပြ ထား သည့် နေရာ များ အ တိုင်း ဖြည့် ပေး ပါ။ Check လုပ် ရ မယ့် နေရာ တွေ မှာ မသုံး ချင် ရင် ဖြုတ် ထား နိုင် ပါ တယ်။ Tab Icons ဆို တဲ့ နေရာ မှာ မိမိ စိတ် ကြိုက် Icon လေး တွေ ဖန်တီး ပြီး ထည့် နိုင် ပါတယ်။ ဒီ နေရာ မှာ တော့ Default အတိုင်း ပဲ လုပ်ပြ ပေး ထား ပါ တယ်။ နောက် ပိုင်း မိမိ စိတ် ကြိုက် ဖန်တီး ကြည့် ပါ။

နောက် တစ် ဆင့် ကတော့ Settings ဆိုတဲ့ Tab ကို သွား လိုက် ပါ။ အောက်ပါ အတိုင်း မိမိ စိတ် ကြိုက် Setting များကို ပြင်ဆင် နိုင် ပါတယ်။ အား လုံး ထည့် သွင်း ပြီး ရင် Save Changes ကို နှိပ် လိုက်ပါ။

Submit ဆိုတဲ့ Tab အောက် Submit to Build ဆို တာ ကို နှိပ် လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော် တို့ အခု ဖန်တီး လိုက် သော Apk ဖိုင်ကို ပို့ ပေး ပါ လိမ့် မယ်။ ဒေါင်း ယူပြီး Android ပေါ်မှာ Testing လုပ် နိုင် ပါပြီ။

တစ်ခု သတိ ပြု စေ ချင် တာ က ဒီလင့် ကနေ Android apk ဖန်တီး လိုက် တဲ့ အခါ မှာ မိမိ ရဲ့ Gmail ထဲသို့ Auto သို့ မဟုတ် Default apk ဖိုင် တစ်ခု ကို အရင် ဆုံး ပို့လေ့ ရှိ ပါတယ်။ ဒါ ကြောင့် ကျနော် တို့ အနေ နဲ့ မေးလ် ထဲမှာ AppYet (2) or (3) လို့ ဖြစ် မှသာ မိမိ ဖန် တီး လိုက် သော application ရဲ့ Setting များ အ တိုင်း ရရှိမှာ ဖြစ် ပါတယ်။

ပြည်ပ မှာ ရှိနေ တဲ့ Android Application ဖန်တီး ချင်သူ များ က တော့ Google Play မှာ တိုက် ရိုက် မိမိ ဖန်တီး လိုက် သော Application များ ကို Market မှာ Publish လုပ် နိုင် ပါတယ်။

အားလုံး အဆင်ပြေ ပါစေ…

Credit to Myanmar Android App Center

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Website, Blog များကို offline မှာ ဖတ်လို့ ရအောင် Andorid APK အလွယ် လုပ်နည်း 

Sunday, 8 October 2017

မြန်မာ Website များ စုစည်းမှု Android Application စတင် ဖြန့်ချိ

ကဏ္ဍအလိုက် ခွဲခြားကာ စုစည်းထားသည့် မြန်မာ Website များ စုစည်းမှု Application ကို C4E Group မှ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။

မြန်မာဘာသာဖြင့် ဖော်ပြပေးသော ပြည်တွင်း၊ ပြည်ပ Website (500) ကျော်ခန့် ထည့်သွင်းဖော်ပြထားပြီး အသစ်ထွက်ရှိလာသည့် Website
များကို အမြဲတမ်း up-to date website များ နေ့စဉ် ပေးပို့သွားမည်ဖြစ်သည်။  ၄င်း Application ကို အသုံးပြုခြင်းအားဖြင့် လိပ်စာအသစ်များကို
ချက်ချင်းသိရှိနိုင်သည်။
    ထို့အပြင် Application My Favorite Feature ကို ထည့်သွင်းထားပြီး မိမိကြိုက်နှစ်သက်ရာ Website များအား Favorite Icon ကို
နှိပ်ကာ မှတ်သားနိုင်မည်ဖြစ်သည်။  Website များရှာဖွေရာတွင်လည်း လွယ်ကူစေရန်အတွက် Search Feature ကိုလည်း ထည့်သွင်းပေးထားသည်။
မြန်မာဘာသာဖြင့် ဖော်ပြထာသည့် Website လွှင့်တင်သူများ၊ Facebook Page Admin များအနေဖြင့်လည်း မိမိတို့၏ Website လိပ်စာများကို
Application တွင် ထည့်သွင်းလိုပါက Google App(http://goo.gl/4ue5k) ၌ form ဖြည့်ပြီးပေးပို့နိုင်သည်။  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်
လည်း မိမိတို့၏ Product များ၊ ၀န်ဆောင်မှုများကို ကြော်ငြာထည့်သွင်းနိုင်သည်။  Website အသစ်လွှင့်တင်သူများ အတွက်လည်း ၄င်းတို့ Website
များကို အချိန်တိုအတွင်း လူသိများစေရန် အထူးဈေးနှုန်းဖြင့် ထည့်သွင်းကြော်ငြာနိုင်မည်ဖြစ်သည်။
    အဆိုပါ Android application ကို Google Play Store (http://goo.gl/319Yu) တွင် Download ရယူနိုင်သည့်အပြင် Myanmar
Mobile Application Store (http://www.myanmarmobileapp.com) ၌လည်း download ရယူနိုင်ပါသည်။  ယခုမှအင်တာနက်စတင်အသုံး
ပြုသူများအတွက် အထူးသင့်လျော်သည့် application တစ်ခုဖြစ်ကြောင်းသိရှိရသည်။

Credit : NetGuide Journal

Android OS ကို အသုံးပြုထားသော Phone များနှင့် Tablet များအတွက် Website လိပ်စာများနှင့် Facebook Page လိပ်စာများကို

Samsung Galaxy J7 2016 SM-J710GN/SM-J710FRootလုပ်နည်း

Samsung Galaxy J7 2016 SM-J710GN/SM-J710FRootလုပ်နည်း ကွန်ပျူတာမ
မလိုပါဘူးဖုန်းပေါ်မှာတင်ဖောင့်နိင်
ပါပြီနောက်ဆုံးထွက် ဗားရှင်း 6.0.1 Marshmallow Root လုပ်နည်းကို
တောင်းဆိုထားကြတဲ့ညီအကိုတွေအတွက် တင်ပေးလိုက်ပါတယ်။
ဒီ J7 2016 Edition အတွက် SM-J710GN/SM-J710F ဆိုပြီးModels နှစ်မျိုးသာထွက်ရှိထားပါတယ်ဒီဖုန်းတွေကို Rootလုပ်မယ်ဆိုရင်တော့ပထမ ဆုံး Kingroot version 4.9.2 ကိုအရင်ဒေါင်းပါမယ်
Kingroot Apk
============
ဒေါင်းလို့ရလာတဲ့ kingroot apk ကို Install လုပ်ပါပြီရင် phone setting>>>> About Phone>>>>>Build number ကို 7 ချက် 8ချက်ဆက်နှိပ်ပေးပါ ပြီရင် About phone ရဲ့အပေါ်မှာ Developer options ထဲကိုဝင်ပါပြီရင် OEM Unlocking ဆိုတာကိုဖွင့်ပေးပါဒါဆိုရပါပြီး Kingroot Apk ကိုဖွင့်ပြီး Root လုပ်ခိုင်းလို့ရပါပြီးအားလုံးအဆင်ပြေပါစေ
မြန်မာစာ ၁၀၀% မှန်ကန်တဲ့ Google Translate လာပါပြီ

Google Translate Apk ဆို မသိသူ မရှိလောက်ဘူး ထင်ပါတယ်။ တချို့ကြပြန်တော့ သုံးချင်ပေမဲ့ မြန်မာဖောင့်က Unicode ဖောင့်နဲ့မို့လို့ ဖတ်ရတာ အဆင်မပြေတာကြောင့် မသုံးဖြစ်ကြဘူး။

ခုတင်ပေးတဲ့ Google Translate Apk ကတော့ ကျွန်တော်ပြန်ပြင်ထားတဲ့ Translate Clone Apk ပါ။ Play Store က Offical Laste Version ကိုဘဲ ပြန်ပြင်ထားတာပါ။ ဒီ Apk ထဲကို Unicode Font ထည့်သွင်းပေးထားပါတယ်။ Unicode ဖောင့်ထည့်လိုက်ခြင်းကြောင့် မြန်မာ Unicode ဖောင့်များကို အမှန်မြင်ရပါမယ်။ ဘာမှလုပ်စရာမလိုဘဲ မြန်မာဖောင့်များကို အဆင်ပြေစွာ ဖတ်ရှူနိုင်မှာပါ။ ဖိုင်ဆိုဒ်ကလည်း Play Store က မူလ Apk ဆိုဒ်အတိုင်းပါဘဲ။ အသုံးလိုသောသူများ အောက်မှာ Download ရယူနိုင်ပါတယ်။

Google Translate Clone (17Mb)

                                Download
လွတ်လပ်စွာ Share နိုင်ပါတယ်

Thursday, 5 October 2017

TUESDAY, 5 FEBRUARY 2013

iphone အတွက် မြန်မာ Font သွင်းနည်း

iphone အတွက် မြန်မာ Font သွင်းနည်း

         ဒီ Post လေးကို Myanmar Mobile Development မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ဦးက သူ့ဖုန်းမှာ မြန်မာ Font သွင်းချင်တယ်ပြောလို့ ကျွန်တော်လိုက်ပြီးမွှေနှောက်ရှာဖွေနေတုန်း ဒီ Post
လေးကို တွေ့သွားတာဖြစ်ပါတယ်။ Myanmar Mobile Development ကို Credit ပေးပါတယ်။
           iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။

1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ။

2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ။

3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ။

4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲZawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ။

5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ။

6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.......

No comments: